စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဉီးမြတ်ကျော် သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဉီးမြတ်ကျော် သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားတက်ရောက်



MNP ၊  ဧပြီ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဉီးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင် အနုပညာရှင်များ၊ အဆိုတော်များ လိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်း တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်သည့် မြန်မာနှစ်ဆန်း ၁ ရက်နေ့ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲ အခမ်းအနားသို့တက် ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နှစ်သစ်အခါသမယ မြန်မာတို့၏ ရိုးရာအစဉ်အလာဖြစ်သော သက်ကြီးအဘိုးအဘွား များအား ပူဇော်ကန်တော့ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က သက်ကြီး ဘိုးဘွားများအား ဂါရဝတရား ဖြင့်ရှိခိုးကန်တော့၍ အသက်ကြီဆုံးအဘိုး ဦးသောင်းရွှေ ၈၈ နှစ်နှင့် အသက်ကြီးဆုံးအဘွား ဒေါ်အုံး ၁၀၅ နှစ်တို့အား အာမိသပူဇာပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့သည်။


ဆက်လက်ပြီး တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် အနုပညာရှင် များ၊ အဆိုတော်များနှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသည့် သက်ကြိးအဘိုး၊ အဘွား ၇၀ ဦးတို့အား အာမိသပူဇာပစ္စည်းများ အားပေးအပ်လှူဒါန်းခဲ့ကြပြီး အဘိုး၊ အဘွားများကိုယ်စား အဘိုးဦးအေးက ဆုတောင်းမေတ္တာ ပို့သခြင်းနှင့် ဝမ်းမြှောက်စကား ပြန်လည်ပြောကြားကာ နမောဒဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ နိုင်ငံကျော်ရုပ်ရှင် သရုပ်ဆောင် အနုပညာရှင်များ၊ အဆိုတော်များ သည် မုံရွာမြို့၊ ကန်သာယာကန်တွင် ကျင်းပပြုလုပ်သော မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး နှစ်လက်မနှင့် အထက် ငါးမြစ်ချင်းကောင်ရေ ၁ သိန်းနှင့် ထိုင်းငါးခုံးမကောင်ရေ ၂ သိန်း စုစုပေါင်း ငါးသားပေါက် ကောင်ရေ ၃ သိန်းအား ဇီဝိတဒါနအဖြစ် ကန်အတွင်းသို့ လွှတ်ပေးခဲ့ကြသည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ကန်သာယာကန်ရှိ မြို့ရာပြည့်စေတီတော်ကြီးအား မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး အဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ ရေသပ္ပါယ်ခြင်းနှင့် စေတီတော်ကြီး ဝန်းကျင်သန့်ရှင်းရေးများ စုပေါင်းဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်ဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် နိုင်ငံကျော်ရုပ်ရှင် သရုပ်ဆောင် အနုပညာရှင်များ၊ အဆိုတော်များသည် အောင်ချမ်းသာရပ်ကွက်ရှိ၊ ပဇ္ဇောတာရုံ ကျောင်းတိုက်သို့ ရောက်ရှိကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပင့်သံဃာဆရာတော်များထံ လှူဖွယ်ပစ္စည်းများနှင့် ဝတ္တုငွေများ အသီးသီးဆက်ကပ်လှူဒါန်းကာ သာသနာရေး ဆိုင်ရာများ လျှောက်ထားပြီး နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)