နမ့်စန်တွင် (၈၅)နှစ်အထက် မြို့နယ်လုံးဆိုင်ရာ သက်ကြီးပူဇော်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

နမ့်စန်တွင် (၈၅)နှစ်အထက် မြို့နယ်လုံးဆိုင်ရာ သက်ကြီးပူဇော်ပွဲကျင်းပ



MNP ၊  ဧပြီ ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော (၂၀)ကြိမ်မြောက် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ပူဇော် ကန်တော့ပွဲကို နှစ်ဆန်းတစ်ရက်နေ့ ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့လယ်ဓမ္မာရုံတွင် ကျင်းပခဲ့သည်။


ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာကြသူများက သက်ကြီးဘိုးဘွားများကို ဩကာသ ကန်တော့ချိုးဖြင့် ကန်တော့ခဲ့ကြသည်။ ထို့နောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းဌေးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုး တို့က ဘိုးဘွားများကို လှူဒါန်းငွေများ ပေးအပ်လှူဒါန်းခဲ့သည်။


ဆက်လက်၍ ခရိုင် လဝက ဦးစီးမှူးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများ၊ အမျိုးသမီးရေးရာအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင် အလှူရှင်များက ဘိုးဘွားများကို လှူဒါန်းငွေများ၊ လှူဒါန်းပစ္စည်းများ၊ အချိုရည်၊ ရေသန့်နှင့်ဆေးဝါးများ (စုစုပေါင်းတန်ဖိုး ၁၃ သိန်းကျပ်ခန့်)ကို အသီးသီးပေးအပ်လှူဒါန်းခဲ့ကြပြီး ဘိုးဘွားများကိုယ်စား သက်ကြီး အဘိုးတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


အသက်(၈၅)နှစ်အထက် ကန်တော့ခံဘိုးဘွား(၇၄)ဦးတွင် (၂၀)ဦး တက်ရောက်ပူဇော် ကန်တော့ခံခဲ့ပြီး မတက်ရောက်နိုင်သော သက်ကြီးဘိုးဘွားများကို သက်ဆိုင်ရာ ရပ်ကွက်အလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာရောက် လိုက်လံပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။


သူရအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)