မိုင်းဖြတ်မြို့နယ်၌ မြန်မာနှစ်ဆန်းတစ်ရက်​နေ့၌ သက်ကြီးဘိုးဘွား(၉၁)ဦးအား အိမ်တိုင်ရာ​ရောက်လိုက်လံကန်​တော့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဖြတ်မြို့နယ်၌ မြန်မာနှစ်ဆန်းတစ်ရက်​နေ့၌ သက်ကြီးဘိုးဘွား(၉၁)ဦးအား အိမ်တိုင်ရာ​ရောက်လိုက်လံကန်​တော့



MNP ၊  ဧပြီ ၁၈

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်​နေ့ ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ် အထက်၊ သက်ကြီးဘိုးဘွားများအား လိုက်လံကန်​တော့ခဲ့​ကြောင်း သိရသည်။


ထိုသို့ ကန်​တော့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်သီတာဝင်းနှင့်အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက မြန်မာနှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ်အဖြစ်၊ မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၉၁)ဦးအား ကန်တော့ငွေနှင့် ကန်တော့ပစ္စည်းများအား အိမ်တိုင်ရာရောက် လိုက်လံကန်တော့ခဲ့​ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)