MNP ၊ ဧပြီ ၁၇
ရခိုင်ပြည်နယ် ၊သံတွဲမြို့၌ အသက် (၉၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ပွဲအခမ်းအနားကို နှစ်ဆန်း(၁)ရက်နေ့ ယနေ့န့နက် ၉ နာရီက ဒွါရာတီခန်းမ၌ ကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ သက်ကြီးဘိုးဘွားများအား ဩကာသ ကန်တော့ကြိုးဖြင့်ပူဇော်ကန်တော့ကြသည်။ ထို့နောက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ်ကျော်ကျော်သန်း နှင့် မိသားစုက ပူဇော်ကန်တော့ငွေနှင့် လက်ဆောင်များပစ္စည်းများကို ပေးအပ်လှူဒါန်းကြသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးချစ်နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ၊ သက်ကြီးဘိုးဘွားပူဇော်ပွဲအခမ်းအနားကျင်းပရေး ကော်မတီအဖွဲ့ဝင်များ နှင့်စေတနာရှင်အလှူရှင်များက ပူဇော်ကန်တော့ငွေနှင့် လက်ဆောင်များကို ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြရာ အဘိုး၊ အဖွားများကိုယ်စား အဘိုး ဦးအေးမောင်က နှစ်သစ်ဦး ဩဝါဒစကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ သက်ကြီးဘိုးဘွားပူဇော်ပွဲသို့ အသက်(၁၁၂)နှစ်ရှိ အဘွားတစ်ဦး၊ (၁၀၀)နှစ်ရှိအဘွား တစ်ဦး နှင့် အသက်(၉၀)နှစ်အထက် အဘိုး၊ အဖွား (၁၈)ဦး စုစုပေါင်း (၂၀)ဦးတို့အား နှစ်သစ်ဦး အလှူအဖြစ်ပူဇော်ကန်တော့ခဲ့ကြကြောင်းသိရှိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment