တောင်ကုတ်မြို့၌ မြန်မာနှစ်ဆန်း(၁)ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ မြန်မာနှစ်ဆန်း(၁)ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ပွဲကျင်းပ





MNP ၊  ဧပြီ ၁၇

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့တွင် နှစ်ဟောင်းကုန်၍နှစ်သစ်သို့ကူးပြောင်းသည့် ၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့ ယနေ့ ညနေပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဆရာတော် ၊ သံဃာတော်များကိုပင့်ဖိတ်ကြည်ညို၍ နှစ်သစ်ကူးအန္တရာယ်ကင်းပရိတ်တရားတော်များကို မြို့တွင်းလမ်းမကြီးများတစ်လျှောက်လှည့်လည်နာယူ ခဲ့ကြကြောင်းသိရသည်။


ရှေ့ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့် ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ရှိ မဏ္ဍပ်တွင် ပင့်သံဃာတော်များထံမှ နှစ်သက်ကူး အန္တရာယ် ကင်းပရိတ်တရားတော်များနာယူကြပြီးနောက် လှူဖွယ်ဝတ္တုများကပ်လှူပူဇော်ကြသည်။


ထို့နောက် သံဃာတော်များအား မော်တော်ယာဉ်ပေါ်သို့ပင့်ဖိတ်၍ မော်တော်ယာဉ်များဖြင့် မြို့တွင်း လမ်းမကြီးတစ်လျှောက် မြို့တစ်ပတ်အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်းသိရ သည်။


 https://t.me/MyanmarNationalPost














No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)