ပရီးမီးယားလိဂ်ပွဲစဉ် ၃၂ စနေနေ့ညပွဲစဉ်များအတွက် ပွဲကြိုသုံးသပ်ချက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပရီးမီးယားလိဂ်ပွဲစဉ် ၃၂ စနေနေ့ညပွဲစဉ်များအတွက် ပွဲကြိုသုံးသပ်ချက်



MNP - ဧပြီ ၂၁


ပရီးမီးယားလိပ်ပွဲစဉ် ၃၂အဖြစ် စနေနေ့(ယနေ့) မြန်မာစံတော်ချိန် ည ၆:၀၀ အချိန်မှာ စတင်ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဒီနေ့ညမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ် ၅ပွဲ ယှဉ်ပြိုင်ကစားဖို့ ရှိနေတာ ဖြစ်ပါတယ်။


ဖူလ်ဟမ် - လိဒ်စ် (ယနေ့ည ၆:၀၀)

ဖူဟမ်အသင်းနှင့် လိဒ်စ်ယူနိုက်တက်အသင်းတို့ဟာ ဖူလ်ဟမ်အိမ်ကွင်း ကရာဗန် ကော့ဒ်တေးမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။လိဒ်စ်ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာ လီဗာပူးလ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး ဖူလ်ဟမ်အသင်းတော့ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ အဝေးကွင်း နိုင်ပွဲရလာခဲ့ပြီးဖြစ်သည်။ ဒါပေမဲ့ ဖူလ်ဟမ်ကလည်း လက်ရှိအချိန်မှာ ခြေစွမ်းပိုင်းကျဆင်းနေတာဖြစ်တာကြောင်း သရေရလဒ်သာ ထွက်ပေါ်သွားနိုင်ပါတယ်။ 


ဘရန့်ဖို့ဒ် - အက်စတွန်ဗီလာ (ယနေ့ည ၈:၃၀)

ဘရန်းဖို့ဒ်အသင်းနှင့် အက်စတွန်ဗီလာအသင်းတို့ဟာ ဘရန်းဖို့ဒ်အိမ်ကွင်း ဂျီတက်ဟ် ကွန်မြူနစ်တီမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။နှစ်သင်းစလုံးက ဥရောပဝင်ခွင့် တစ်နေရာရဖို့အတွက် ယှဉ်ပြိုင်နေကြတဲ့ အသင်းတွေဖြစ်ပြီး ဘရန့်ဖို့ဒ်အသင်းဟာ တစ်ရာသီလုံး ခြေငြိမ်၊ ခြေမှန်ခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ နိုင်ပွဲတွေရဖို့ ရုန်းကန်လာရပါတယ်၊ လက်ရှိ ခြေစွမ်း၊ Rhythm, Form အရစဉ်းစားရင် ဗီလာက အဖက်ဖက်က သာနေသလို၊ ဂိုးမြူးနေတဲံ တိုက်စစ်မှူး အိုလီဝက်ကင်းခ်ကလည်း ဗီလာအတွက် အားသာချက်တစ်ခုပါ၊ ချန်ပီယံလိဂ်ဝင်ခွင့်တောင် နည်းနည်းမျှော်လင့်လို့ရတဲ့ အနေအထားမျိုးဖြစ်တာကြောင့် ဧည့်သည် ဗီလာကဘဲ အနိုင်၃မှတ်ကို ရယူသွားပါလိမ့်မယ်။


ခရစ္စတယ်ပဲလေ့စ် - အဲဗာတန် (ယနေ့ည ၈:၃၀)

ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် အဲဗာတန်အသင်းတို့ဟာ ပဲလေ့စ်အိမ်ကွင်း ဆဲလ်ဟတ်ပါ့ခ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ပဲလေ့စ်ဟာ ဇီးကွက်ကြီး ရွိုင်းဟော့ဒ်ဆန်လက်ထက် ရလဒ်ကောင်းတွေ ဆက်တိုက် ရလာပါတယ်၊ တိုက်စစ်ကလည်း ဂိုးတွေမြူးနေပါတယ်။ အဲဗာတန်အသင်းကတော့ တန်းဆင်းဇုန်ရုန်းအားမှာ အမှတ်တွေယူခဲ့ပြီးတဲ့နောက် နောက်ဆုံးကစားခဲ့တဲ့ နှစ်ပွဲမှာ မန်ယူနဲ့ ဖူလ်ဟမ်တို့ကို ရှုံးနိမ့်ခဲ့ပါတယ်။ ပဲလေ့စ်နဲ့ ကစားတဲ့အခါ အဲဗာတန်ရဲ့တန်းဆင်းဇုန်ရုန်းအားဆိုတာက အဓိပ္ပာယ်သိပ်မရှိတာကို ရှေ့ရလဒ်တွေကနေ မြင်ရတယ်။ ပဲလေ့စ်ဘဲ ဆက်နိုင်ပါလိမ့်မယ်။


လက်စတာ - ဝုလ်ဗ် (ယနေ့ည ၈:၃၀ နာရီ)

လက်စတာအသင်းနှင့် ဝုလ်ဗ်အသင်းတို့ဟာ လက်စတာအိမ်ကွင်း ကင်းန်ပါဝါမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။လက်စတာအသင်းဟာ လက်ရှိမှာ ရလဒ်ဆိုးတွေထဲမှာ ရုန်းကန်နေရဆဲဆိုပေမယ့် ဝုလ်ဗ်ကတော့ ရလဒ်ပိုင်း သိသိသာသာတိုးတက်လာပြီး စိတ်အေးရတဲ့ အခြေအနေဖြစ်လာတယ်။ လက်စတာအသင်းရဲ့ကွင်းမှာ လက်စတာအတွက် မဖြစ်မနေနိုင်ပွဲရဖို့ လိုနေတဲ့အခြေအနေဖြစ်ပြီး ဝုလ်ဗ်ကတော့ လက်စတာထက်စာရင် သက်သောင့်သက်သာ ကစားလို့ရတဲ့ အနေအထားပါ။ ကစားသမားသိပ်မကွာပေမယ့် လက်ရှိ ခြေစွမ်းနဲ့ ရလဒ်ပိုင်းမှာတော့ ဝုလ်ဗ်အသင်းက ပိုကောင်းနေပါတယ်။ နည်းပြအရည်အသွေးလည်း တော်တော်လေး ကွာတယ်။ အဝေးကွင်းဆိုပေမယ့် ဝုလ်ဗ်အသင်းကဘဲ အနိုင်ရသွားပါလိမ့်မယ်။


လီဗာပူးလ် - နော်တင်ဟမ်ဖောရက်စ် ( ယနေ့ည ၈:၃၀ နာရီ)

လီဗာပူးလ်အသင်းနှင့် နော်တင်ဟမ်ဖောရက်စ်အသင်းတို့ လီဗာပူးလ်အိမ်ကွင်း အန်ဖီးလ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။လီဗာပူးလ်အသင်းဟာ ဝေဖန်စရာတွေ ရှိပေမယ့် နောက်ဆုံး (၃) ပွဲမှာ ချယ်လ်ဆီးကို သရေ၊ အာဆင်နယ်ကို သရေကစားခဲ့တဲ့ ရလဒ်တွေက မဆိုးဘူးလို့ ပြောလို့ရပြီး နောက်ဆုံးပွဲမှာတော့ လိဒ်စ်လို အသင်းကောင်းကို အဝေးကွင်းမှာ (၆) ဂိုးသွင်းခဲ့တယ်။  အန်ဖီးလ်မှာ အရှိန်အဟုန်နဲ့ ပြန်လာမှာကို မြင်နေရတယ်။ အာဆင်နယ်နဲ့ အန်ဖီးလ်ပွဲမှာ လီဗာပူးလ် ပြသခဲ့တဲ့ ခြေစွမ်း၊ စိတ်ဓာတ်ရဲ့အရှိန်၊ လိဒ်စ်နဲ့ပွဲမှာ ဂိုးမြူးခဲ့တဲ့ တိုက်စစ်နဲ့ နော်တင်ဟမ်ရဲ့ လက်ရှိခြေစွမ်းရလဒ်ပိုင်းတွေက လီဗာပူးလ်ကို ရာသီပိတ်မှာ အရှိန်တင်နိုင်ဖို့ တွန်းအားပေးနေသလိုပဲ။ လီဗာပူးလ် ဂိုးပြတ်ထပ်သွင်းပြီး နိုင်ပွဲရယူသွားပါလိမ့်မယ်။ 


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)