ကျွန်းလှမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ နွေစပါး ဧက ၃၀၀ ကျော်စိုက်ပျိုးပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းလှမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ နွေစပါး ဧက ၃၀၀ ကျော်စိုက်ပျိုးပြီးစီး



MNP ၊  ဧပြီ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်နွေသီးနှံစိုက်ပျိုးရာသီ၌ နွေစပါး ဧက ၃၀၀ ကျော်စိုက်ပျိုးပြီးစီးကြောင်း သိရသည်။


“ဒီနှစ် ကျွန်းလှမြို့နယ်မှာ နွေစပါးစိုက်ပျိုးဖို့ ဧက ၃၇၀ လျာထားပါတယ်။ လက်ရှိအချိန်အထိ ၃၃၁ ဧက စိုက်ပျိုးပြီးဖြစ်ပါတယ်။ နွေစပါးကို ယခုနှစ် ဖေဖော်ဝါရီလကစတင်ပြီး ကျေးရွာငါးရွာမှာ အဓိကစိုက်ပျိုးပါတယ်။ လျာထားချက်ပြည့်မီအောင် ဆက်လက်စိုက်ပျိုးနေကြပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောပြသည်။


 အဆိုပါ နွေစပါးစိုက်ပျိုး ထုတ်လုပ်သည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးကောင်းမျိုးသန့်ရရှိရေး ဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုးရေးနည်းပညာပေး သင်တန်းများဖွင့်လှစ်ခြင်း၊ သွင်းအားစုအစ္စည်းများ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးခြင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


 ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး စပါး၊ ဆီထွက်သီးနှံ၊ ပဲအမျိုးမျိုးနှင့် စားဖိုဆောင်သီးနှံများ စိုက်ပျိုးကြကြောင်း၊ ပြီးခဲ့သည့်နှစ် နွေစပါး ၁၀၅ ဧက စိုက်ပျိုးခဲ့ပြီး တစ်ဧကအထွက်နှုန်း ၈၃ ဒသမ ၇၅ ရာခိုင်နှုန်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment