ပုဇွန်တောင်မြို့နယ်တွင် တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ဃန်းကပ်လှူပြီးမြောက်ပွဲအတွက် ဗုဒ္ဓါဘိသေကဘုရားအနေကဇာတင်ပွဲနှင့် ရေစက်ချအလှူတော် ကျင်းပရန် ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဇွန်တောင်မြို့နယ်တွင် တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ဃန်းကပ်လှူပြီးမြောက်ပွဲအတွက် ဗုဒ္ဓါဘိသေကဘုရားအနေကဇာတင်ပွဲနှင့် ရေစက်ချအလှူတော် ကျင်းပရန် ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ



MNP ၊  ဧပြီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊  ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ဃန်းကပ်လှူပြီးမြောက်ပွဲအတွက်  ဗုဒ္ဓါဘိသေကဘုရားအနေကဇာတင်လှူပွဲနှင့် ရေစက်ချအလှူတော်ကျင်းပရန် ဩဝါဒဆရာတော်ကြီး များနှင့်ဗဟိုကော်မတီဝင်များ ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နေ့လယ် ၂နာရီက  ဓမ္မသာလာသုံးထပ်ဓမ္မာရုံတွင် ကျင်းပရာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဩဝါဒဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာဓဇ အမှူးပြုသော ဩဝါဒဆရာတော်ကြီးများ ကြွရောက်တော် မူကြပြီး ပုဇွန်တောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး ဘဏ္ဍတော်ထိန်းဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးတင်နွယ်ထွန်း နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။


အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဩဝါဒဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာ ဓဇမှ အဋ္ဌမအကြိမ် လုံးတော်ပြည့်ရွှေသင်္ဃန်းကပ်လှူပြီးမြောက်မှု ဗုဒ္ဓါဘိသေကဘုရားအနေကဇာ တင်ပွဲနှင့် ရေစက်ချအလှူတော်အခမ်းအနား ကျင်းပနိုင်ရေး ဩဝါဒကထာ မြွက်ကြားချီးမြှင့်တော် မူသည်။


ထို့နောက်  အဋ္ဌမအကြိမ် လုံးတော်ပြည့်ရွှေသင်္ဃန်းကပ်လှူရေး ဗဟိုဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်မှ အခမ်းအနားကျင်းပနိုင်ရေး ကော်မတီအသီးသီးဖွဲ့စည်းမှု ရှင်းလင်း လျှောက်ထားပြီး  အတွင်းရေးမှူး ဦးတင်နွယ်ထွန်းမှ လိုအပ်သည်များဖြည့်စွက်လျှောက်ထားခြင်း၊ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်စိုးမှ ရွှေသင်္ဃန်းကပ်လှူပြီးစီးမှု အခြေအနေများနှင့် ဆပ်ကော်မတီအသီးသီးဖွဲ့စည်းမှုအမည်စာရင်း ဖတ်ကြားတင်ပြခြင်းနှင့် ဘဏ္ဍာငွေရရှိရေးနှင့် လက်ခံထိန်းသိမ်းရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးမြင့်သိန်းမှ အလှူငွေရရှိမှုနှင့် အသုံးစာရင်း အကျဉ်းချုပ်နှင့် ဧပြီလ ၂၉ ရက်နေ့တွင် ကျင်းပမည့် အဋ္ဌမအကြိမ် လုံးတော်ပြည့်ရွှေသင်္ဃန်းကပ်လှူ ပြီးမြောက်မှု ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင်ပွဲနှင့် ရေစက်ချအလှူတော်အခမ်းအနား အစီအစဉ် (မူကြမ်း)ကို တင်ပြလျှောက်ထားပါသည်။


ထို့နောက် ဩဝါဒဆရာတော်ကြီးများက အဋ္ဌမအကြိမ် လုံးတော်ပြည့်ရွှေသင်္ဃန်းကပ်လှူ ပြီးမြောက်မှု ဗုဒ္ဓါဘိသေကဘုရားအနေကဇာတင်ပွဲနှင့် ရေစက်ချအလှူတော်အခမ်းအနား ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များ ထပ်မံ၍ ဩဝါဒကထာ မြွက်ကြားပြီးနောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။   


ဟန်စုယဉ်

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)