ဘားအံမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ





MNP ၊  ဧပြီ ၂၂

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးထင်က အဖွင့်အမှာစကားပြောကြားရာ၌ ဘားအံမြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုး တက်လာ ခြင်းဖြင့် မြို့ပြနှင့်ကျေးလက် ကွာဟချက်များလျော့ကျကာ တပြေးညီဖွံ့ဖြိုးတိုးတက်မှုများ ရရှိခံစားနိုင်မည်ဖြစ်၍ ကျေးလက်အခြေခံစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း (MSME)များအပါအဝင် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၏ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုများ တိုးတက်ရေးသက်ဆိုင်ရာဌာနများမှ ထိထိရောက်ရောက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးလိုကြောင်း၊ ပြည်သူများ ၏ အဓိကလိုအပ်ချက်ဖြစ်သည့်  လမ်းပန်းဆက်သွယ်ရေး၊ ရေရှိရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများနှင့် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ လောင်စာဆီသုံးစွဲမှု လျော့ချနိုင်ရေးနှင့် ထိရောက်သည့် စွမ်းအင်သုံးစွဲမှုစနစ်ဖြစ်စေရေး၊ မြို့ပြဖွံ့ဖြိုးရေးနှင့် သန့်ရှင်း သာယာလှပရေး၊ အားကစားကဏ္ဍမြှင့်တင်ရေး၊ ရိုးရာယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှုနှင့် ဂီတ၊အနုပညာနှင့် စာပေးတို့ကို မြတ်နိုးထိန်းသိမ်းရေးတို့အတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စီမံကိန်းကြောင့်ရရှိသည့် အကျိုးရလဒ်များကို ပြည်သူများ အမြန်ဆုံးရရှိ ခံစားနိုင်ရေး အားလုံး ဝိုင်းဝန်ကြိုးပမ်းဆောင်ရွက်သွားကြရန်  ပြောကြားခဲ့သည်။


ဆက်လက်၍ မြို့နယ်စီမံကိန်း ဦးစီးမှူး ဒေါ်ခင်သီတာက ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်း ရည်မှန်းချက်များကို နိုင်ငံတော်က ချမှတ်ထားသည့် စီးပွားရေးမူဝါဒများ ၊ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်နှင့်အညီ  ဘားအံမြို့နယ် သာယာဝပြောရေးနှင့် စားရေးရိက္ခာ ဖူလုံရေး၊ ပြည်သူလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် ရည်ရွယ်၍ မျှော်မှန်းရေးဆွဲထားခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ထို့နောက် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ကဏ္ဍအလိုက် စီမံကိန်းများနှင့် ဒေသအလိုက် ဖွံ့ဖြိုးရေးစီမံကိန်းများကို လွဲပြောင်းပေးအပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment