ရမည်းသင်းမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်စည်ကားသိုက် မြိုက်စွာကျင်းပရေး ဗဟိုမဏ္ဍပ်နှင့်ရေကစားမဏ္ဍပ်များဆောက်လုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမည်းသင်းမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်စည်ကားသိုက် မြိုက်စွာကျင်းပရေး ဗဟိုမဏ္ဍပ်နှင့်ရေကစားမဏ္ဍပ်များဆောက်လုပ်



MNP ၊  ဧပြီ ၁၁

၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ရမည်းသင်းမြို့အောင်မင်္ဂလာရပ်ကွက်၊ရန်ကုန်-မန္တလေးကားလမ်းအနီး ဗိုလ်ချုပ်ကြေးရုပ်မြောက်ဘက်တွင်  ဗဟိုမဏ္ဍပ်နှင့်ရေကစား မဏ္ဍပ်တို့ကိုဆောက်လုပ်ခြင်း၊ ရေကစားရန်အတွက် ရေစုကန် တူးဖော်ခြင်းတို့ ဆောင်ရွက်လျက်ရှိပါကြောင်း သိရသည်။


အဆိုပါဗဟိုမဏ္ဍပ်‌ ဆောက်လုပ်ခြင်းကို ရမည်းသင်းခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ပြီး  မြန်မာတို့၏ရိုးရာယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် မဟာသင်္ကြန်ပွဲတော်ကို မပျောက်ပျက်အောင် ထိန်းသိမ်းဆောင်ရွက်ရန်နှင့် ပြည်သူများ ပျော်ရွှင်စွာနှင့်စိတ်အေးချမ်းစွာ ရေကစားနိုင်ရေးအတွက် ရမည်းသင်းမြို့နယ်တွင် ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးအကမဏ္ဍပ်များ၊ စတုဒိသာမဏ္ဍပ်များဖြင့်  စည်စည်ကားကား ဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ရမည်းသင်းမြို့နယ် ဗဟိုမဏ္ဍပ်၌ယိမ်းအကအဖွဲ့ (၁၃)ဖွဲ့မှနေ့စဉ်ယှဉ်ပြိုင်ကပြဖျော်ဖြေခြင်းနှင့် အဆိုတော်များဖြင့် ဧည့်ခံသီဆိုဖျော်ခြင်းတို့ဖြင့် စည်းကားသိုက်မြိုက်စွာကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။


ဇော်ဝင်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)