ကျောက်ဆည်မြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မဏ္ဍပ်များ ဆောက်လုပ်လျက်ရှိရာ ရာနှုန်းပြည့်နီးပါးပြီးစီပြီဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မဏ္ဍပ်များ ဆောက်လုပ်လျက်ရှိရာ ရာနှုန်းပြည့်နီးပါးပြီးစီပြီဖြစ်




MNP ၊  ဧပြီ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မြန်မာသက္ကရာဇ်၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား မြန်မာ့ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီ ရိုးရာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်သူများစိတ်နှလုံးချမ်းမြေ့စွာဖြင့် ပျော်ရွှင်စွာ သင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွှဲနိုင်ရေးဗဟိုမဏ္ဍပ်နှင့် ပုဂ္ဂလိကရေကစားမဏ္ဍပ်များ လမ်းလျောက်သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်လျက်ရှိရာရာနှုန်းပြည့်နီးပါး ပြီးစီပြီဖြစ်ကြောင်း သိရသည်။


ရေကစားမဏ္ဍပ်များကို ကျောက်ဆည်မြို့ ဒေါ်သိုက်ကြီးကွေ့ ရန်ကုန်-မန္တလေးကားလမ်း မင်းရဲစိုက်ပျိုးရေပေးမြောင်းအနီးတွင် ဆောက်လုပ်ထားကြောင်းနှင့် ဗဟိုရေကစားမဏ္ဍပ်သည် အလျား(၆၀)ပေ၊ အနံ(၃၅)ပေ၊ အမြင့်(၄)ပေ ခန့်ညားထယ်ဝါသည့် နောက်ခံသင်္ကြန်ပုံရိပ်များနှင့်စာသားများပါသည့် (၁၂)ပေ၊(၆၀)ပေဗွီနိုင်းနှင့်အတူ မဏ္ဍနောက်ပိုင်းတွင် ဧည့်ခံဆိုင်ဝိုင်းဘေး ဝဲ/ယာတွင် ယိမ်းအကအဖွဲ့များနှင့် ဌာနဆိုင်ရာများအတွက် အအေးမဏ္ဍများပါဝင်ပြီး အမြင့်(၄)ပေအလျား(၁၂)ပေအနံ(၆)ပေအကျယ်ရှိသည့် ရေစကား မဏ္ဍနှင့်အတူ တွဲဆက်ဆောက်လုပ်ထားကြောင်းနှင့် (၅၀၀)ပေအရှည်(၁၂)ပေအကျယ် လမ်းလျောက်သင်္ကြန်မဏ္ဍပ်၊ ပေ(၂၀)၊ ပေ(၄၀) အကျယ် ပုဂ္ဂလိကရေစကားမဏ္ဍပ်(၆)ခု ဆောက်လုပ်လျက်ရှိကာ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


သက်မောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)