မိုးနဲမြို့နယ်၌ ယာဥ်စည်းကမ်း လမ်းစည်းကမ်းပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနဲမြို့နယ်၌ ယာဥ်စည်းကမ်း လမ်းစည်းကမ်းပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ


MNP ၊  ဧပြီ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ယာဥ်စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ ထုတ်ဝေသော ယာဥ်စည်းကမ်း လမ်းစည်းကမ်းပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် သက်ဆိုင်ရာ ရပ်/ကျေးတို့ပူးပေါင်းကာ မိုးနဲ-မောက်မယ်-နမ့်စန် သွား(၃)လမ်းဆုံနေရာနှင့် မိုးနဲ-လင်းခေး-မိုင်းပန်သွားလမ်း လမ်းမကြီးနေရာများ၌ အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။


အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင် ယာဥ်တိုက်မှုဖြစ်ပွားရခြင်း အဓိကအကြောင်းအရင်းများ၊ ယာဥ်တိုက်မှုဖြစ်ပွားလျှင် ဆောင်ရွက်ရမည့်အချက်များ၊ “ဆိုင်ကယ်စီးဦးထုပ်ကို စနစ်တကျဆောင်းခြင်းဖြင့် အသက်အန္တရာယ်ကိုကာကွယ်ပါ”၊ ယာဥ်မောင်းလျှင် စိတ်ရှည်ပါ။ သည်းခံပါ။ ကိုယ်ချင်းစာပါ၊ မော်တော်ဆိုင်ကယ်မောင်းနှင်သူများ လိုက်နာရမည့်စည်းကမ်းချက်များ၊ တိုင်းနှင့်ပြည်နယ်အလိုက် ယာဥ်တိုက်မှုစာရင်းများ၊ ပိုမိုဘေးကင်းသော လမ်းမများဆီသို့၊ အစရှိသည့်အချက်များနှင့် ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များကို ထည့်သွင်းဖော်ပြထားသော လက်ကမ်းစာစောင်များကို လမ်းသွားလမ်းလာ မော်တော်ဆိုင်ကယ်မောင်းနှင်သူများကို ဖြန့်ဝေပေးခဲ့သည်။


ထို့နောက် ဆိုင်ကယ်မောင်းနှင်ရာတွင် သင်္ကြန်ကာလအတွင်း အများပြည်သူစိတ်အနှောက်အယှက်ဖြစ်စေသည့် ပါဝါအိတ်ဇောများ၊ အသံကျယ်လောင်သည့် အိတ်ဇော်များ တက်ဆင်မောင်းနှင်ခြင်းမပြုကြရန်နှင့် တပ်ဆင်သွားလာပါက ဖမ်းဆီးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို (၂)ရက်တာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ဇင်ကိုကို

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)