တနင်္သာရီမြို့လုံး ခရမ်းဓမ္မရိပ်သာကျောင်းတိုက်အတွင်း သင်္ကြန်ကာလ(၇)ရက် အထူးတရားစခန်းစတင်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီမြို့လုံး ခရမ်းဓမ္မရိပ်သာကျောင်းတိုက်အတွင်း သင်္ကြန်ကာလ(၇)ရက် အထူးတရားစခန်းစတင်ဖွင့်လှစ်



MNP ၊  ဧပြီ ၁၁

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့လုံးခရမ်းဓမ္မရိပ်သာကျောင်းတိုက်ဦးစီးပဓာန ဆရာတော်ဓမ္မဌာနာစရိယ ဘဒ္ဒန္တဝရသာမိကကြီးမှူး၍ လုံးခရမ်းဓမ္မရိပ်သာကျောင်းတိုက်အတွင်း နှစ်စဉ်သင်္ကြန်ကာလများတွင် အထူးတရားစခန်းကို အစဉ်အလာမပျက်ဖွင့်လှစ်လျက်ရှိပြီး ယခုနှစ် ၁၃၈၄ခုနှစ်၊သင်္ကြန်ကာလ အထူးတရားစခန်းအဖြစ် ယနေ့နံနက် ၆နာရီအချိန်က စတင်ဖွင့်လှစ်ရာ အမျိုးသားယောဂီ(၁၈)ဦးတို့နှင့် အမျိုးသမီးယောဂီ(၅၅)ဦး…စုစုပေါင်း(၇၃)ဦးတို့က လာရောက် တရားအားထုတ်လျက်ရှိကြောင်း သိရှိရသည်။


အဆိုပါ အထူးတရားစခန်းကို ဧပြီလ(၁၁ရက်မှ၁၇ရက်နေ့)အထိ (၇)ရက်တိတိဖွင့်လှစ်မည်ဖြစ်ပြီး ရဟန်း၊ ရှင်၊ အမျိုးသား/အမျိုးသမီး ယောဂီသူတော်စင်ပေါင်း(၇၃)ဦးတို့က တရားအားထုတ်လျက်ရှိရာ အဆိုပါတရားအားထုတ်ကြသည့် ယောဂီသူတော်စင်အပေါင်းတို့အတွက် အာရုဏ်ဆွမ်းအဖြစ်(၂သိန်း)ကျပ်၊ နေ့ဆွမ်း(၃သိန်း)ကျပ်၊ ရေတစ်ရက်စာအတွက်(၁၀၀၀၀)ကျပ်၊ မီးတစ်ညအတွက်(၁၀၀၀၀)ကျပ်နှုန်း၊ အချို ရည်အတွက်(၂၀၀၀၀)ကျပ်နှုန်းနှင့် အခြားဝေယာဝစ္စအလှူငွေများ လှူဒါန်းလိုပါက လုံးခရမ်းဓမ္မရိပ်သာ ဆရာငယ်ဖုန်း(၀၉၇၇၈၈၉၁၈၇၇)နှင့် ဦးနီငယ်(ထွန်းတောက်ဝင်းကားဂိတ်မှူး) ဖုန်း(၀၉၂၅၂၅၉၆၅၄၃)တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)