တောင်ကုတ်မြို့၌ အသက်(၉၀)နှင့်အထက်ဘိုးဘွားများအားသက်ကြီးပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ အသက်(၉၀)နှင့်အထက်ဘိုးဘွားများအားသက်ကြီးပူဇော်ပွဲကျင်းပ









MNP ၊  ဧပြီ ၁၇

ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့၌ အသက်(၉၀)နှစ် အထက်ဘိုးဘွားများအား သက်ကြီးပူဇော်ပွဲအခမ်းအနားကို မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယနေ့နံနက်(၈)နာရီအချိန် ဖောင်တော်ဦး စေတီတော်ရှိ မဟာဝိဇယဓမ္မာရုံ၌ကျင်းပသည်။


အခမ်းအနားတွင် သက်ကြီးအဘိုးအဘွားများအား ဩကာသကန်တော့ချိုးဖြင့်ပူဇော်ကန်တော့ကြ ပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ ၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ နှင့် လူမှုရေးအသင်းအဖွဲ့များက အဘိုးအဘွားများသို့တစ်ဦးလျှင် အလှူငွေ-၃၀၀၀ဝိ/-ပေးအပ်လှူဒါန်းရာ အဘိုး ဦးငွေတင်နှင့် အဘွား ဒေါ်ဝင်းဖြူတို့ကဆုတောင်းမေတ္တာပို့သကြသည်။


ဆက်လက်၍ ခရိုင်၊မြို့နယ် မိခင်နှင့်ကလေး ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက အခမ်းအနားသို့ တက်ရောက်လာကြသည့် အဘိုးအဘွားများသို့ လက်သည်း ၊ ခြေသည်းများညှပ်ပေးပြီးကောင်းမှုကုသိုလ်ပြု ကြသည်။


တောင်ကုတ်မြို့ပေါ်တွင် အသက်(၉၀)နှင့်အထက်အဘိုးအဘွား(၇၀)ဦးရှိသော်လည်း အခမ်းအနား သို့(၄၀)ဦးတက်ရောက်ခဲ့သဖြင့် မတက်ရောက်နိုင်သည့် အဘိုး ၊ အဘွား(၃၀)ဦးထံသို့ အလှူငွေများကို အိမ်အရောက်လှူဒါန်းပေးမည်ဖြစ်ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)