ပေါင်မြို့နယ် ကဒါရပ်ကွက်တွင် (၃၈)ကြိမ်မြောက်သက်ကြီးပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ် ကဒါရပ်ကွက်တွင် (၃၈)ကြိမ်မြောက်သက်ကြီးပူဇော်ပွဲကျင်းပ




MNP ၊  ဧပြီ ၁၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မြန်မာရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ သင်္ကြန်ကာလနှစ်သစ်အခါတွင် နှစ်စဉ်ကျင်းပသော  (၃၈)ကြိမ်မြောက်သက်ကြီးဘိုးဘွားပူဇော်ပွဲကို မဟာသင်္ကြန်(အတက်နေ့) နံနက်(၇)နာရီအချိန်က ပေါင်မြို့နယ်၊ ကဒါရပ်ကွက်ရှိ ကမ္ဘာအေးဘုရားဝန်းအတွင်းရှိ ရာမညဓမ္မသာလာဓမ္မာရုံတွင် ကျင်းပကြောင်း  သိရသည်။


ထိုသို့ကျင်းပရာတွင် ပေါင်မြို့နယ်၊ မွန်လူငယ်အဖွဲ့မှ လူငယ်မောင်/မယ်များက  အသက်(၈၀)နှစ်အထက်  သက်ကြီးအဘိုး/အဘွား(၁၂၈)ဦးတို့အား လှူဒါန်းငွေ(၃၅၀၀၀၀၀)ရှိ ဂါရဝပစ္စည်းများဖြင့် ကန်တော့ကြရာ  အဘွားမိကွန်ခက  ဆုတောင်းမေတ္တာချီးမြှင့်ပါသည်။


ထိုနောက် သက်ကြီးအဘိုး/အဘွားများနှင့် မွန်လူငယ်မောင်/မယ်အဖွဲ့များက အနောက်သိမ်ကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ကောင်းမှူအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေ သာဓုသုံးကြိမ်ခေါ်ဆိုပြီး အခမ်းအနားကိုပြီးမြောက်ကြောင်း သိရသည်။


ယင်းနောက် အခမ်းအနားသို့မလာရောက်နိုင်သည့် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် သွားရောက်ကန်တော့ခဲ့ကြသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)