ရန်ကုန်မြို့တော် မဟာသင်္ကြန်ပွဲတော်တွင် ဝင်ရောက်ပါဝင်ဆင်နွှဲခဲ့ကြသည့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးအသီးသီးမှ တာဝန်ရှိသူများအား မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆိုအကအလှများဖြင့် ဖျော်ဖြေတင်ဆက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်မြို့တော် မဟာသင်္ကြန်ပွဲတော်တွင် ဝင်ရောက်ပါဝင်ဆင်နွှဲခဲ့ကြသည့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးအသီးသီးမှ တာဝန်ရှိသူများအား မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆိုအကအလှများဖြင့် ဖျော်ဖြေတင်ဆက်






MNP ၊  ဧပြီ ၁၆

မြန်မာသက္ကရာဇ် ၁၃၈၄-ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကြတ်နေ့တွင် ရန်ကုန်မြို့ ကျောက်တံတား မြို့နယ် မဟာဗန္ဓုလလမ်းရှိ ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်နှင့် မဟာဗန္ဓုလပန်းခြံလမ်းရှိ လမ်းလျှောက် သင်္ကြန်တွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် နိုင်ငံခြားသံရုံးအသီးသီးမှ တာဝန်ရှိသူများအား ယမန်နေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန် မြို့တော်ခန်းမ၌ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆိုအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ထို့ကဲ့သို့ ဖျော်ဖြေတင်ဆက်ရာတွင်  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးအသီးသီးမှ သံအမတ် ကြီးများ၊ သံရုံးအကြီးအကဲများ၊ စစ်သံမှူးများ၊ သံရုံးယာယီတာဝန်ခံများ၊ စီးပွားရေးသံမှူးများအား မြန်မာ့ရိုးရာ ယဉ်ကျေးမှုတစ်ခုဖြစ်သည့် ကျောက်ဆည်ဆင်အကအလှများ၊ သင်္ကြန်ယိမ်းအကများ၊ နိုင်ငံကျော် အနုပညာရှင်များ၏ မြန်မာ့ရိုးရာ ယဉ်ကျေးမှု တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများနှင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး တက်ရောက်လာ ကြသော တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ကမ္ဘာကသိရှိပြီး အမြတ်တနိုး လေးစားတန်ဖိုးထားတတ်စေရန်အတွက် ဖျော်ဖြေတင်ဆက် ခဲ့ကြခြင်း ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


နိုင်လင်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment