တာမွေမြို့နယ်တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အတက်နေ့၌ ရေကစားမဏ္ဍပ်များ၊ အတာရေဆော့ကစားကြသူ ပြည်သူများ၊ စတုဒီသာအလှူများဖြင့် ပိုမိုစည်ကားလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အတက်နေ့၌ ရေကစားမဏ္ဍပ်များ၊ အတာရေဆော့ကစားကြသူ ပြည်သူများ၊ စတုဒီသာအလှူများဖြင့် ပိုမိုစည်ကားလျက်ရှိ






MNP ၊  ဧပြီ ၁၆

ယနေ့တွင်ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၄-ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အတက်နေ့၌ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်တွင် ယနေ့နံနက်ပိုင်းအချိန်မှစတင်ကာ အရှေ့မြင်းပြိုင်ကွင်း လမ်းရှိ “ အတာကူးရေ တန်ခူးလေ ” ရေကစားမဏ္ဍပ်နှင့် မြို့နယ်အတွင်းရှိ ရေကစားမဏ္ဍပ်များတွင် ရေပက်ခံ ကားများ၊ အတာရေ ဆော့ကစားသူများ၊ စတုဒီသာအလှူများဖြင့် ယခင်နေ့များထက် အထူးပင် ပိုမိုစည်ကားလျက် ရှိကြောင်း သိရသည်။

“ အလုပ်ကအကိုတွေနဲ့ ဒီသင်္ကြန်လေးရက်မှာ နေ့တိုင်းလိုလို လျှောက်လည်ဖြစ်ပါတယ်။ မနက်က ရန်ကုန် မြို့တော်ဝန်မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်မှာ ပါဝင်ဆင်နွှဲခဲ့ပြီး အခုဒီတာမွေဘက်ကို လျှောက်လည်ဖြစ်တာပါ။ ပြီးရင် အင်းလျားကန်ဘောင်ဘက် လျှောက်လည်ဦးမှာပါ။ အရမ်းကို ပျော်ဖို့ကောင်းပါတယ်။ အခြားသော အိမ်တွင်း ပုန်းနေတဲ့ သူငယ်ချင်းမိတ်ဆွေတွေအနေနဲ့လည်း တစ်နှစ်မှာတစ်ခါ ဆင်နွှဲခွင့်ရတဲ့ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်မှာ ကျွန်တော်တို့နဲ့အတူ ပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်လိုက်ရပါတယ် ” ဟု အလုံမြို့နယ်နေ ပြည်သူတစ်ဦးက ဆိုသည်။


ယခုနှစ်တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကြိုနေ့မှ စတင်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် အတာရေသဘင်ရေကစားမဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များ၊ စတုဒီသာအလှူများဖြင့် စည်ကားသိုက်မြိုက် စွာ ကျင်းပလျက်ရှိပြီး ယနေ့ မဟာသင်္ကြန်ပွဲတော်အတက်နေ့တွင် ယခင်နေ့များထက် အတာရေသဘင်ပွဲ ပါဝင်ဆင်နွှဲ ကြသူ ပြည်သူများ အထူးပင် များပြားလာကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)