လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၃ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၃ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကျင်းပ


MNP ၊  ဧပြီ ၄

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံမြန်မာ့သိုင်း၊ တိုက်ကွမ်ဒို၊ Fitness Dance၊ ဘောလုံးအားကစားသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီ၌လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ဘောလုံး အားကစားကွင်းခန်းမ၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာသင်တန်းဆင်းပွဲတွင် သင်တန်းသား၊ သင်တန်းသူများကို မြို့နယ်ပညာရေးမှူးဦးကျော်သိန်းထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးဒေါ်ယဥ်ဦးခိုင်က ဂုဏ်ပြုလက်ဆောင်ဆုတံဆိပ်များကိုပေးအပ်ကာ ဘောလုံးအားကစားအသင်းသားများက လက်ခံရယူပြီး ဘောလုံးအားကစားသမားများကို ပထမဆု(၅)သိန်း၊ ဒုတိယဆု(၃)သိန်း၊ တတိယဆု(၂)သိန်းတို့ကို ဂုဏ်ပြုဆုချီးမြှင့် ငွေများကိုအသီးသီးဆုချီးမြင့်လျက်ရှိသည်။ သင်တန်းနည်းပြများကလက်ခံရယူလျက်ရှိပြီး တက်ရောက်လာသောဌာနဆိုင်ရာများ၊ ဧည့်သည်တော်များ၊ သင်တန်းနည်းပြများကိုလည်း အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်လျက်ရှိသည်။ အဆိုပါအားကစားကွင်းတွင် ဘောလုံးယှဥ်ပြိုင်ကစားကြ၍သင်တန်းသား/သူ(၂၅၀)ဦး တက်ရောက်အားပေးလျက်ရှိပြီး သင်တန်းကာလမှာ မတ်လ(၃)ရက်မှ(၃၀)ရက်နေ့အထိ သင်ကြားပေးခဲ့ကြောင်းကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတာဝန်ရှိသူထံမှ သိရှိရသည်။


ခင်ဝင်းမူ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)