ဘီးလင်းမြို့နယ်၊တောင်စွန်းကုန်ထုတ်စခန်းမှ အကျဉ်းသား (၁၄)ဦးလွတ်ငြိမ်းချမ်းသာခွင့်ရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်၊တောင်စွန်းကုန်ထုတ်စခန်းမှ အကျဉ်းသား (၁၄)ဦးလွတ်ငြိမ်းချမ်းသာခွင့်ရရှိ





MNP ၊  ဧပြီ ၁၇

     နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၏ (၁၇-၄-၂၀၂၃) ရက်စွဲပါ အမိန့်အမှတ်၂၈/၂၀၂၃ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၄၀၁(၁)အရ မွန် ပြည်နယ် ဘီးလင်းမြို့နယ်၊တောင်စွန်းကုန်ထုတ် စခန်းတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား  (၁၄)ဦးတို့အား လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ ​အချိန် က တောင်စွန်း(အမျိုးသား) ကုန်ထုတ်စခန်း၊ အစည်းအဝေး ခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။


   အခမ်းအနားတွင် တောင်စွန်းကုန်ထုတ်စခန်း မှ  လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ရဲအောင် က မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်း အမှတ်အဖြစ် အကျဉ်းသားများအား ပြန်လည် လွှတ်ပေးခြင်းဖြစ်ပြီး အပြင်သို့ရောက်ရှိသွား ပါက ကောင်းရောင်းကောင်းဝယ် လုပ်စားကြရန် နှင့် ဥပေဒအညီနေထိုင် သွားလာကြရန်စသဖြင့် ဆုံးမဩဝါဒစကားများပြောဆိုဆုံးမခဲ့သည်။


   ယင်းနောက် အကျဉ်းသား  (၁၄)ဦးတို့အား ထောင်လွှတ်လက်မှတ်နှင့် လမ်းစရိတ်၊ ထမင်း စရိတ်ငွေများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ၎င်းတို့ အား နေရပ်အသီးသီးသို့ ပြန်လည်စေလွှတ်ခဲ့ ကြောင်း သိရသည်


ထူးနောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)