ပေါင်မြို့နယ်တွင်‌အေးမြသာကြည်မဟာစည်သာသနာ့ရိပ်သာ သင်္ကြန်တွင်းတရားစခန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင်‌အေးမြသာကြည်မဟာစည်သာသနာ့ရိပ်သာ သင်္ကြန်တွင်းတရားစခန်းဖွင့်လှစ်





MNP ၊  ဧပြီ ၁၇

မွန်ပြည်နယ်၊သထုံခရိုင်၊ပေါင်မြို့နယ်တွင်အေးမြသာကြည်မဟာစည် သာသနာ့ရိပ်သာ သင်္ကြန်တွင်းတရားစခန်းကို ဧပြီလ (၅)ရက်နေ့မှစတင်ဖွင့်လှစ်လျက်ရှိရာ အေးချမ်းစွာတရားလာရောက်အားထုတ်သူများပြားလျက်ရှိ‌ကြောင်းသိရသည်။


တရားစခန်းတွင်ဆရာတော်ကြီးများက မဟာစည်ဝိပသနာတရားတော်မြတ်အား နေ့စဉ်ဟောကြားပြသပေးပြီး  အလှူရှင်များတို့က တရားစခန်းဝင်ရောက်အားထုတ်သူ သံဃာတော်များ၊ သီလရှင်များ၊ လူပုဂ္ဂိုလ် ယောဂီများတို့အား ဆွမ်းနှင့် လှူဒါန်းဖွယ်ရာများတို့ကို လှူဒါန်းခြင်း၊ ဝေယျာဝစ္စကုသိုလ်ယူခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်‌ နေကြလျှက်ရှိသည်။


အဆိုပါ တရားစခန်းကို ဧပြီလ ၅ ရက်နေ့မှ ၂၀ ရက်နေ့အထိ (၁၅)ရက်ကြာ ဖွင့်လှစ်နေပြီး မြို့နယ်အတွင်းရှိ ရဟန်းရှင်လူ ယောဂီသူတော်စင်  ၇၀ ဦးတို့ တရားစခန်းဝင်‌ရောက်ကာ ဘာဝနာတရား‌တော်များကို အေးချမ်းစွာ ကျင့်ကြံအားထုတ်ကြလျှက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)