ငပလီကမ်းခြေ၌ လာရောက်လည်ပတ်သည့်ဧည့်သည်များနှစ်ဆန်းတစ်ရက်​​နေ့တွင်အနားယူအပန်းလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပလီကမ်းခြေ၌ လာရောက်လည်ပတ်သည့်ဧည့်သည်များနှစ်ဆန်းတစ်ရက်​​နေ့တွင်အနားယူအပန်းလျက်ရှိ






MNP ၊  ဧပြီ ၁၇

ရခိုင်​​ပြည်နယ်၊သံတွဲခရိုင်၊ငပလီ​မြို့၌သင်္ကြန်ပွဲတော်ပြီးဆုံးသော်လည်းငပလီကမ်းခြေတွင်  ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များဆက်လက်အနားယူလျက်ရှိသည်ဟုသိရသည်။


ငပလီကမ်းခြေတွင် ပြည်တွင်းပြည်ပခရီးသွားများ ဖြင့်အထူးစည်ကားလျက်ရှိပြီး ကမ်းခြေရှိ ဟိုတယ်နှင့်တည်းခိုခန်းအများစုမှာလည်း သင်္ကြန်ကာလအတွင်းမှယနေ့ချိန်ထိ အခန်းများပြည့်နေ​​သေးသည်ဟု ဟိုတယ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောသည်။


“ ဟိုတယ်အကုန်လုံးက ဧည့်သည်တွေပြည့်နေပြီ။တည်းခိုခန်း၊လုံချင်းအိမ်များတွင်ယခုချိန်ထိ ခရီးသည်များမှာဆက်လက်အနားယူအပန်းဖြေလျက်ရှိနေသေးသည်ဟု ၎င်းကဆိုသည်။


လက်ရှိတွင် လာရောက်လည်ပတ်ကြသူအများစုမှာ ပြည်တွင်းခရီးသွားများဖြစ်ကြောင်း ၊ ဧည့်သည် ဝင်ရောက်မှုများသဖြင့် ငပလီကမ်းခြေတွင်အထူးစည်ကားလျက်ရှိပြီး ကမ်းခြေတွင် ဈေးရောင်းသူများလည်း အဆင်ပြေကြောင်း ငပလီအမှတ်တရပစ္စည်းများရောင်းချသူ​ဒေသခံတစ်ဦးကပြောသည်။


ယခုနှစ်တွင် ငပလီမြို့တွင် သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ခဲ့​ပြီး အနယ်နယ်အရပ်ရပ် မှလာရောက် အနားယူ ကြသည့်ဧည့်သည်များဆက်လက်အနားယူအပန်း​ဖြေလျက်ရှိကြောင်းသိရသည်။


မြင့်မြင့်အေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)