မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အတက်နေ့၌ ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်အပါအဝင် တိုင်းဒေသကြီးအတွင်းရှိ နေရာအနှံ့အပြားတွင် ပွဲတော်ပါဝင်ဆင်နွှဲသူများ ပိုမိုများပြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အတက်နေ့၌ ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်အပါအဝင် တိုင်းဒေသကြီးအတွင်းရှိ နေရာအနှံ့အပြားတွင် ပွဲတော်ပါဝင်ဆင်နွှဲသူများ ပိုမိုများပြား




MNP ၊  ဧပြီ ၁၇

၂၀၂၃-ခုနှစ် ဧပြီလ(၁၆)ရက်နေ့တွင်ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၄-ခုနှစ် မြန်မာ့ရိုးရာ မဟာ သင်္ကြန်ပွဲတော် အတက်နေ့ နံနက်ပိုင်းအချိန်မှစတင်ကာ ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်အပါအဝင်  တိုင်းဒေသ ကြီးအတွင်းရှိ နေရာအနှံ့အပြားတွင် လမ်းလျှောက်သင်္ကြန်ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များ၊ အတာရေ သဘင် ရေကစားမဏ္ဍပ်များနှင့် ရေပက်ခံကားများ၊ အတာရေပက်ဖျန်းသူများ၊ စတုဒီသာကျွေးမွေးလှူဒါန်းကြသူများဖြင့် ယခင်နေ့များထက် ပွဲတော်တွင်ပါဝင်ဆင်နွှဲသူများ ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ROYAL APEX မှ စီစဉ်ကျင်းပသော ရန်ကုန်မြို့ရှိ ပြည်သူ့ဥယျာဉ်ပန်းခြံတွင် လမ်းလျှောက်သင်္ကြန်ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးအစီအစဉ်များအပြင် ပြည်သူများ လွတ်လပ်ပျော်ရွှင်စွာ ရေပက်ဆော့ကစားရင်း အပန်းဖြေအနားယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားသလို ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်းရှိ ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်၌ သင်္ကြန်ယိမ်းအက အဖွဲ့များ၏ ဖျော်ဖြေတင်ဆက်မှုများနှင့် နိုင်ငံကျော်အနုပညာရှင်ကြီးများ၏ ဖျော်ဖြေတင်ဆက်မှုများအပြင် မဟာဗန္ဓုလ ပန်းခြံလမ်းတွင် ကျင်းပပြုလုပ်သည့် လမ်းလျှောက်သင်္ကြန်တွင် ပြည်သူများ လွတ်လပ်ပျော်ရွှင်စွာ ဝင်ရောက်ပါဝင် ဆင်နွှဲခဲ့ကြသည်။


ယခုနှစ်တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကြိုနေ့မှ စတင်၍ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတွင် အတာရေသဘင်ရေကစားမဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များ၊ စတုဒီသာအလှူများဖြင့် စည်ကားသိုက်မြိုက် စွာ ကျင်းပလျက်ရှိပြီး မဟာသင်္ကြန်ပွဲတော်အတက်နေ့တွင် နိုင်ငံတစ်ဝှမ်းလုံး၌ ယခင်နေ့များထက် အတာရေသဘင်ပွဲ ပါဝင်ဆင်နွှဲကြသူ ပြည်သူများ ပိုမိုများပြားလာခဲ့ကြောင်း သတင်းရရှိပါသည်။


 နိုင်လင်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)