အမ်းခရိုင် အမ်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက် သယုချောင်းဆိပ်ကမ်း၌ ဇီဝိတ ဒါန ပထမအကြိမ်ငါးလွှတ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းခရိုင် အမ်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက် သယုချောင်းဆိပ်ကမ်း၌ ဇီဝိတ ဒါန ပထမအကြိမ်ငါးလွှတ်ပွဲကျင်းပ






MNP ၊  ဧပြီ ၁၇

 ရခိုင်ပြည်နယ် အမ်းခရိုင်၊ အမ်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ မြန် မာနှစ်ဆန်းတစ်ရက်နေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍အမ်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှကျင်းပပြု လုပ်သော ဇီဝိတဒါန ပထမအကြိမ်ငါး လွှတ်ပွဲကိုယနေ့နံနက် ၈ နာရီအချိန်အမှတ်( ၃)ရပ်ကွက်သယုချောင်း ဆိပ် ကမ်းတွင် ကျင်းပခဲ့သည်။ 


 အဆိုပါအခမ်းအနားသို့ အမ်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းထက် နှင့်အဖွဲ့ဝင်များ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ငါးလုပ် ငန်းဦးစီးဌာနမှ ဦးစီးမှူးဦးဇော်ထွန်းနှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာ နှင့်မိခင်နှင့်ကလေးစောင့်ရှောက်အဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ပြီ မြန်မာနှစ်ဆန်းတစ်ရက်နေ့၊ ဇီဝိတဒါနအဖြစ် "ငါးမြက်ချင်း  (၂၅၀၀)ကောင်၊ရွှေရောင်ငါးကြင်း(၂၅၀၀)ကောင်၊ငါး သိုင်းခေါင်းပွ (၂၀၀၀)ကောင်စုစုပေါင်း "ငါးအကောင်ရေ (၇၀၀၀)ကောင်အားပဲပဒုံချောင်းဆိပ်ကမ်းတွင် လွှတ်ပေးခဲ့ကြောင်းသိရသည်။ 


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)