ဗန်းမော်မြို့တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အရ ပြစ်ဒဏ်ကျ အကျဉ်းသား အကျဉ်းသူ (၂၇)ဦးလွတ်မြောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမော်မြို့တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အရ ပြစ်ဒဏ်ကျ အကျဉ်းသား အကျဉ်းသူ (၂၇)ဦးလွတ်မြောက်











MNP ၊ ဧပြီ ၁၇

ကချင်ပြည်နယ် ၊ ဗန်းမော်မြို့တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရအမိန့်အရ ပြစ်ဒဏ်ကျ အကျဉ်းသား အကျဉ်းသူ (၂၇)ဦးလွတ်မြောက်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အမိန့်အမှတ် (၂၈/၂၀၂၃)အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာနှစ်သစ်မင်္ဂလာအခါသမယအထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကိုအလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်၊အချုပ်ထောင်၊စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသူများအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ထုတ်ပြန်ခဲ့ရာ ဗန်းမော်အကျဉ်းထောင်၌ ပြစ်ဒဏ်ကျ အကျဉ်းသား အကျဉ်းသူ (၂၇)ဦး လွတ်မြောက်ခဲ့သည်။

အဆိုပါ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် အဖွဲ့ဝင်များ၊ အမှတ် (၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဦးစီး(ပထမတန်း)ဒုတိယဗိုလ်မှူးကြီး ဇေယျာကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ထွန်းတိုး တို့က လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူများအား သြဝါဒစကားပြောကြားကာ ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)