MNP ၊ ဧပြီ ၁၇
သင်္ကြန်ကာလအတွင်း အဆိုတော်ယုန်လေး အား CRPH, NUG နှင့် ဆက်နွယ်သော အကြမ်းဖက်အဖွဲ့ဝင်များက သိန်း ၂၅၀၀ ပေးပြီး သတ်ခိုင်းသော သတင်း ပျံ့နှံ့လာခဲ့ပြီး အဆိုတော် ယုန်လေးက ကျွန်တော် မတုန်လှုပ်ပါဘူးလို့ တုန့်ပြန်လိုက်ပါတယ်။
အဆိုတော် G Fatt နှင့် Floke Rose တို့ ခံဝန်ထိုးပြီး ၎င်းတို့၏ ခံစားချက်သီချင်းများ ထွက်ပေါ်လာပြီးနောက် အကြမ်းဖက်သမားများက ယုန်လေးအပေါ် ပိုမိုပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်ဆောင်လာကြပြီး အဆိုတော်ယုန်လေးကို သတ်ပေးနိုင်ပါက သိန်း ၂၅၀၀ ပေးမည်ဟူသော လှုံ့ဆော်မှုများထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
သင်္ကြန်မဏ္ဍပ်တွင် ဖျော်ဖြေနေစဉ် အဆိုတော်ယုန်လေးက "အမုန်းတရားတွေ သင်ပုန်းချေပြီး လက်ချင်းချိတ်ဆက်မှ တစ်သက်လုံးနောင်တမရတဲ့ ကာလကို ကျွန်တော်ကြုံခဲ့ရပါတယ်။ အကုသိုလ်သမားတွေ ကျွန်တော့်ကို သွပ်သွပ်ခါပြီးတော့ မနေ့က ကျွန်တော့်ကို သိန်း ၂၅၀၀ နဲ့ ကျွန်တော့်ကို သတ်ခိုင်းနေပါတယ်။ ဂရုမစိုက်ပါဘူး။ ကျွန်တော် မတုန်လှုပ်ပါဘူး။ ကျွန်တော်ယုံကြည်တဲ့အဖွဲ့အစည်းသည် အမှန်တရားပါ။ နိုင်ငံကိုချစ်လို့ တပ်မတော်သားတွေတောင် အသက်ပေးနေတာ။ ကျွန်တော့်အသက် သေသွားပါစေ။ ဘာလွမ်းစရာရှိလို့လဲ။" လို့ ပရိတ်သတ်တွေ ရှေ့မှာ ယုန်လေးက တုန့်ပြန်ပြောဆိုသွားခဲ့ပါတယ်။
အဆိုတော် G Fatt နှင့် Floke Rose တို့ ပြည်ပမှ ပြန်လည်ဝင်ရောက်လာပြီး ခံဝန်ထိုးလိုက်ခြင်းအပေါ် အကြမ်းဖက်အဖွဲ့များ၊ ၎င်းတို့ကို ထောက်ခံအားပေးသူများက ဆဲဆိုစော်ကားမှုအမျိုးမျိုးလုပ်ဆောင်နေကြသည်ကို တွေ့မြင်ရသည်။
G Fatt သီဆိုထားသည့် သီချင်းတွင် "မင်းတို့ ပြောသမျှ အမှန်မထင်လို့၊ ဒါ အလှဆုံးသွင်းတဲ့ ဂန္တဝင်ဂိုး၊ တိုင်းပြည်ထဲကို ပြန်ဝင်ဖို့၊ ငါ့စိတ်နဲ့ငါ ခံဝန်ထိုးတယ်၊ မျှော်လင့်ချက်အမှားတွေ ပေးလို့၊ Facebook မှာ လျှောက်ရေးကြပြီး၊ ကိုယ်တိုင်ကြ သာသာယာယာနဲ့ လူငယ်တွေကိုတော့ မြှောက်ပေးကြသည်၊ အိပ်မက်တွေဟာ နှောင့်နှေးလှပြီ၊ အသက်တွေ ဘယ်လောက် စတေးရ စတေးရ လူတွေဟာ သူတို့အာချောင်ဖို့ သူများဘဝတွေဆို စောက်ရေးမှမကြီး" ဟု နိုင်ငံရေးလှုံ့ဆော်သူများကို တုန့်ပြန်ထားသည်။
#MyanmarNationalPost
No comments:
Post a Comment