ပုဏ္ဏားကျွန်းမြို့၌ မြို့လုံးကျွတ်သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ မြို့လုံးကျွတ်သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကျင်းပ






MNP ၊  ဧပြီ ၁၇

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ရခိုင့်ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ နှစ်သစ်အခါသမယမှာ အသက်(၈၅)နှစ်နှင့်အထက်ရှိ မြို့လုံးကျွတ် သက်ကြီးပူဇော်ကန်တော့ပွဲကို ယနေ့၊ နံနက် (၉)နာရီက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


       ရှေ့ဦးစွာ ရခိုင်မင်္ဂလာစည်တော်ဝိုင်းနှင့်တွဲဖက်ကာ ဩဘာရတုသီဆိုဖွင့်လှစ်ပေးပြီး၊ မြို့နယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်စံဝင်းက အဘိုးအဘွားများအား နှစ်သစ် အခါသမယမှာ ပူဇော်ထိုက်သူကို ပူဇော်ကန်တော့ရခြင်းသည် ကောင်းမြတ်လှသော မင်္ဂလာ တစ်ပါးဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


    အခမ်းအနားသို့ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်စံဝင်း၊ အမှတ် ၅၅၀ ခြေမြန် တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ကျော်လင်းမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့ယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဝင်များ တက်ရောက်ခဲ့ကြပြီး၊ သက်ကြီးဘိုးဘွားများအား ဩကာသကန်တော့ကျိုးဖြင့် ပူဇော်ကန်တော့ခဲ့ကြသည်။ 


ဆက်လက်၍ မြို့ပေါ်ရပ်ကွက်(၄)ရပ် ကွက်မှ အသက်(၈၅)နှစ်နှင့်အထက် အဘိုး ၂၀ ဦး နှင့်အဘွား ၂၇ ဦးတို့ကို တစ်ဦးလျှင် ငွေကျပ်(၁၅၀၀ဝိ/နှုန်း) ဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူ တို့က ပူဇော်ကန်တော့ခဲ့ကြပြီး၊ အပူဇော်ခံ အဘိုးအဘွားများကိုယ်စား အဘိုးတစ်ဦးမှ ဝမ်းမြောက်ကြောင်း နှစ်သစ်မင်္ဂလာဆုတောင်းမေတ္တာများ ပို့သပေးခဲ့ကြောင်းသိရသည်။  


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)