ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီနှင့် ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ တပ်ဖွဲ့ဝင်/ ဝန်ထမ်းများနှင့် မိသားစုဝင်များကို သွားနှင့်ခံတွင်းကုသပေးနေမှု ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီနှင့် ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ တပ်ဖွဲ့ဝင်/ ဝန်ထမ်းများနှင့် မိသားစုဝင်များကို သွားနှင့်ခံတွင်းကုသပေးနေမှု ကြည့်ရှုအားပေး


MNP ၊ ဧပြီ ၂၃

နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် အရိန္ဒမာခန်းမ၌ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ တပ်ဖွဲ့ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်/ ဝန်ထမ်းများနှင့် မိသားစုဝင် စုစုပေါင်း ၂၆၀ တို့ကို ယမန်နေ့က ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန သွားနှင့်ခံတွင်း ကျန်းမာရေး စောင့်ရှောက်မှု နယ်လှည့်ကွင်းဆင်း ဆေးကုသ ရေးအဖွဲ့မှ ကျန်းမာရေးဝန်ထမ်း ၂၈ ဦးတို့က သွားဖာခြင်း၊ သွားနှုတ်ခြင်းနှင့် သွားနှင့်ခံတွင်း သန့်ရှင်းရေး ပြုလုပ်ပေးခြင်းတို့ကို အခမဲ့ကုသပေးသည်။


သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှု ခံယူကြသည့် တပ်ဖွဲ့ဝင်/ ဝန်ထမ်းများနှင့် မိသားစု ဝင်များကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်နှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်ဦးခိုင်ထွန်းဦးနှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဇနီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများက ကြည့်ရှုအားပေးကြပြီး ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာနမှနယ်လှည့်ကွင်းဆင်း ဆေးကုသရေးအဖွဲ့ကို ဒုတိယဝန်ကြီးများက ထောက်ပံ့ငွေနှင့် အမှတ်တရလက်ဆောင်ပစ္စည်း များပေးအပ်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)