သင်္ဃန်းကျွန်းမြို့နယ်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် တစ်ဦးအား PDF အမည်ခံအကြမ်းဖက်သမားများက လုပ်ကြံပစ်ခတ်သတ်ဖြတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သင်္ဃန်းကျွန်းမြို့နယ်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် တစ်ဦးအား PDF အမည်ခံအကြမ်းဖက်သမားများက လုပ်ကြံပစ်ခတ်သတ်ဖြတ်


MNP ၊ ဧပြီ ၂၃

အကြမ်းဖက်အဖွဲ့များဖြစ်သည့် NUG၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးယန္တရားပျက်ပြားစေရန် နှင့် ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်ရည်ရွယ်ချက်ဖြင့် ရဟန်း သံဃာများ၊ အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား လုပ်ကြံသတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ ဧပြီ ၂၂ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ်(၁၁/ ဘီ)ပထမထပ်၊ ဝေဇယန္တရာလမ်းနေသူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးစိုင်းကျော်သူ သည် ၎င်းပိုင်ဆိုင်သည့်  Honda Odyssey မော်တော်ယာဉ်ဖြင့် ဇနီးဖြစ်သူအား ဆေးရုံသို့ လိုက်လံပို့ဆောင်ပြီး ဝေဇယန္တရာလမ်းအတိုင်း နေအိမ်သို့ပြန်လာစဉ် အမှတ်(၁၆/၂) ရပ်ကွက်၊ ဝေဇယန္တရာလမ်းနှင့် ရတနာလမ်းထောင့်သို့အရောက်၌ PDF အမည်ခံ အကြမ်းဖက်သမား ၂ ဦးက ၎င်း၏မော်တော်ယာဉ်ရှေ့သို့ ဘတ္တရီစက်ဘီး ၁ စီးဖြင့် ရောက်ရှိလာကာ ပစ္စတိုသေနတ်များဖြင့် ၁၂ ချက်ခန့် ပစ်ခတ်သတ်ဖြတ်ပြီး ဝေဇယန္တရာ လမ်းအတိုင်း မြောက်ဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါပစ်ခတ်မှုကြောင့် ဦးစိုင်းကျော်သူတွင် ယာနားထင်၊ ဝဲလည်ပင်း၊ ယာလက် ဖျံနှင့် ဝဲနံစောင်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ ဖြစ်စဉ်နေရာ၌ပင် သေဆုံးသွားခဲ့ ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဦးစိုင်းကျော်သူ၏ ရုပ်အလောင်းအား သင်္ဃန်းကျွန်း မြို့နယ် စံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ယခုကဲ့သို့ ပြည်သူ့ဝန်ထမ်းကောင်းတစ်ဦး မမျှော်လင့်ဘဲ အကြမ်းဖက်သမား များ၏ ရက်စက်ယုတ်မာမှုကြောင့် သေဆုံးခဲ့ရမှုအတွက် နိုင်ငံတော်နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အတွက် များစွာထိခိုက်နစ်နာဆုံးရှုံးခဲ့ရကြောင်းနှင့် အောက်တန်း ကျသည့်လုပ်ရပ်အား လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက မြေပြင်၌ စစ်ဆေးဖော်ထုတ်လျက်ရှိရာ ဒေသခံပြည်သူများက လည်း ရရှိသည့်သတင်း ကွင်းဆက်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက် သတင်းပို့ပေးကြပါရန် သက်ဆိုင်ရာမှ မေတ္တာရပ်ခံထားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)