MNP ၊ ဧပြီ ၅
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်ရပ်မိရပ်များ၏အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁နာရီ အချိန် ကမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်က ၂၀၂၃ ခုနှစ်၊ ဧပြီ ၁၃ ရက်နေ့ တွင် ကျ ရောက် မည့် မဟာ သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်မည့် ကိစ္စရပ်များနှင့်နှစ်ဆန်း တစ်ရက်နေ့တွင် မြို့လုံးကျွတ် အသက် ၈၀ နှစ်နှင့်အထက်သက်ကြီးရွယ်အိုများအားသက်ကြီးပူဇော်ပွဲကို တောင်ရင်းတန်းရပ်ကွက်၊စေတီတောင်ဓမ္မာရုံအတွင်းကျင်းပသွားမည် ဖြစ်ရာဌာနဆိုင်ရာများ ၊ရပ်မိရပ်ဖများ၊မြို့ပေါ်လုပ်ငန်းရှင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ၊ မဟာ သင်္ကြန် အား ယခင်နှစ် များထက် ပိုမို စည်းကား သိုက် မြိုက်စွာ ဆောင်
ရွက်သွားမည်ဖြစ်ပါကြောင်း ၊ ဗဟိုမဏ္ဍပ်ဖွင့်ပွဲ ၊ ရခိုင်ရိုးရာ နံ့သာ သွေးပွဲ၊ သကြႅန်ယိမ်းအကများ၊သက်ကြီးပူဇော်ပွဲ တို့နှင့်မဟာ သင်္ကြန်ပွဲတော်ကို စည်း ကမ်းရှိရှိ နဲ့ စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပ ပေးနိုင်ရန် အတွက် ကဏ္ဍအလိုက် ဆောင်ရွက်ရမည်များကိစ္စများလိုအပ်ချက်များကို တင်ပြကြရန်ပြေကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ရပ်မိရပ်ဖများက မြို့လုံးကျွတ် ဆင်နွဲမည့်မဟာသကြႅန်ပွဲတော် အတွက် ကဏ္ဍအလိုက် ကြိုတင် စီစဉ်ဆောင်ရွက်နေသည့် အ ခြေအနေများ၊ မဟာသင်္ကြန်အောင်မြင်စွာ ကျင်းပ နိုင်ရေး လုပ်ငန်း ကော်မတီ များအလိုက် ဆောင်ရွက် နေ သည့်များအား အသီးသီးတင်ပြဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ပေးခဲ့ ကြောင်း သိရသည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment