MNP ၊ ဧပြီ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို၊ တကောင်းရပ်ကွက်၊ ဧရာဝတီတံတား စစ်ဆေးရေးဂိတ်တွင် ယမန်နေ့ က PDF အကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွယ်သူများအား ဖမ်းဆီးရမိခဲ့သည်။
စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ ဧရာဝတီတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အများပြည်သူများ အေးချမ်းစွာ သွားလာနိုင်ရေးအတွက် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲဝင်များသည် လူ/ယာဉ် ဝင်ထွက်ခြင်းများ စစ်ဆေးဆောင်ရွက်နေစဉ် မန္တလေးမြို့ဘက်မှ မောင်းနှင်လာသော ခရီးသည်ယာဉ်အား စစ်ဆေးခဲ့ရာ ၎င်းယာဉ်ပေါ်တွင် လိုက်ပါလာသည့် အောင်ဆွေဝင်း၊ အောင်မျိုးခန့်(ခ)ဘူကီး၊ အောင်ချမ်းနောင် တို့မှာ PDF အကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွယ်နေကြောင်း စစ်ဆေးသိရှိရသဖြင့် လုံခြုံရေးအဖွဲဝင်များမှ ၎င်းတရားခံ ၃ ဦးအား ဖမ်းဆီးခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#MyanmarNationalPost

No comments:
Post a Comment