MNP ၊ ဧပြီ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ တကန်သာကျေးရွာနှင့် ချီပါကျေးရွာများအနီးတွင် ယမန်နေ့ နေ့လည်ပိုင်းက PDF အကြမ်းဖက်သမားများ၏ လက်လုပ်မိုင်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ရွှေဘိုမြို့နယ်၊ တကန်သာကျေးရွာအနီးတွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် ၎င်းကျေးရွာအနီး လမ်းတစ်လျှောက်တွင် အပြစ်မဲ့ပြည်သူများ ထိခိုက်သေကြေစေရန် PDF အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း ၂၃ လုံး၊ လက်လုပ်ရှော့တိုက်စိန်ပြောင်းဖြင့် ပြုလုပ်ထားသည့် မိုင်း ၄ လုံး၊ ဘတ္ထရီအိုး ၅ လုံး၊ ဝါယာကြိုး ၁ ခွေ တိုအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လုံခြုံရေးအဖွဲဝင်များက ထပ်မံရှင်းလင်းဆောင်ရွက်ခဲ့ရာ ချီပါကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများက စတင်ချောင်းမြှောင်း ပစ်ခတ်သဖြင့် လုံခြုံရေးအဖွဲဝင်များမှ ပြန်လည်ပစ်ခတ် ချေမှုန်းခဲ့ရာ အကြမ်းဖက်သမား ၂ဦး ကို အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
#MyanmarNationalPost

No comments:
Post a Comment