MNP ၊ ဧပြီ ၄
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးMobile Libraryစနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက်စာအုပ်စာစောင်များ (အခမဲ့)ငှားရမ်းပေးလျက်ရှိရာယနေ့နံနက်၁၁နာရီကမြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊အော်တိုအိတ်ချိန်းရုံးဝန်ထမ်းများအား သွားရောက်ငှားရမ်းပေးခဲ့သည်။
ထိုသို့ စာအုပ် စာစောင်များ (အခမဲ့)ငှားရမ်းပေးရာတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများကအလုပ်မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် စာဖတ် ပရိတ်သတ်ပြည်သူများအားအသိပညာ ဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာပေများကို ဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရေး၊စာဖတ်ရှိန်မြှင့်တင်ရေးရည်ရွယ်ပြီး သုတ၊ ရသ ၊ ဝတ္တုစာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊အော်တိုအိတ်ချိန်းရုံး ဝန်ထမ်းများအား(အခမဲ့)ငှားရမ်းပေးခဲ့သည်။
အဆိုပါမိုဘိုင်းစနစ်ဖြင့် စာအုပ်၊စာစောင်များ အခမဲ့ငှားရမ်းပေးရာတွင် တစ်ပတ်ပြည့်လျှင်စာအုပ်စာစောင်အသစ်ဖြင့်အပတ်စဥ် လဲလှယ်ငှားရမ်းပေးလျက်ရှိကြောင်းသိရသည်။
ဦးသိန်းဖေ
https://t.me/MyanmarNationalPost
No comments:
Post a Comment