တာမွေမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအဆင့် နှစ်ဆုံးစာမေးပွဲ အောင်စာရင်းများထုတ်ပြန်ကြေညာ - Myanmar National Post

Myanmar National Post

News Agency

Breaking

တာမွေမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအဆင့် နှစ်ဆုံးစာမေးပွဲ အောင်စာရင်းများထုတ်ပြန်ကြေညာ





MNP ၊  ဧပြီ ၂၇

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်  ယနေ့ နံနက်ပိုင်းအချိန်မှစတင်ကာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအဆင့် သူငယ်တန်း(KG)မှ ဧကဒဿမတန်း (Grade-11)အထိ နှစ်ဆုံးစာမေးပွဲ အောင်စာရင်းများကို အသီးသီး ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။


ထိုသို့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သူငယ်တန်း(KG)မှ ဧကဒဿမတန်း (Grade-11)အထိ နှစ်ဆုံးစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ဝင်ရောက်ဖြေဆို ခဲ့သည့် ကျောင်းသား/ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ လာရောက်ကြည့်ရှုရာတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် ကျောင်းများရှိ ဆရာ/ဆရာမများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်း ကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။


ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်း (၂၈) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၄) ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း (၇) ကျောင်း၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း(၁)ကျောင်း စုစုပေါင်း အခြေခံပညာကျောင်းပေါင်း (၄၀)ကျောင်းရှိပြီး ရာနှုန်းပြည့်နီးပါး ဖြေဆို အောင်မြင်ကြကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရရှိပါသည်။

         

 နိုင်လင်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)