ရွှေတောင် မြို့နယ် တွင် အဘိုးအဘွားများကို ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင် မြို့နယ် တွင် အဘိုးအဘွားများကို ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်




MNP ၊  ဧပြီ ၁၇

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကြို့ကုန်းကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာ ဘိုးဘွားရိပ်သာတွင် ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ကျန်းမာရေး ဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ခဲ့သည်။


          အဆိုပါ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွား ( ၁၉) ဦး နှင့် ဘိုးဘွားရိပ်သာတာဝန်ခံနှင့် ဝန်ထမ်း ( ၇) ဦးတို့အားမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်မျိုးသန့်နှင့် ကျန်းမာရေးဝန်ထမ်းများက ထပ်ဆောင်း ကိုဗစ် - ၁၉ကာကွယ်ဆေးထိုးနှံခြင်းများသွားနှင့် ခံတွင်း ကျန်းမာရေး စောင့်ရှောက်မှုများပေးခြင်း၊အထွေထွေကျန်းမာရေးစောင့်ရှောက်မှုများကုသပေးခြင်း၊အပူဒဏ်ကာကွယ်ရေး၊ သွေးတိုး ၊ဆီးချိုကာကွယ်ခြင်းများအကြောင်း ကျန်းမာရေးအသိပေးဟောပြောခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)