ရသေ့တောင်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူးကျင်းပ‌ သောပထမအကြိမ်မြောက် မြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူးကျင်းပ‌ သောပထမအကြိမ်မြောက် မြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲကျင်းပ






MNP ၊  ဧပြီ ၁၈

   ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင်မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နှစ်ဆန်း(၁)ရက်နေ့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူးကျင်းပ‌ သောပထမအကြိမ်မြောက် မြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲကို ယမန်နေ့ နံနက် (၉)နာရီအချိန်က စေတီတောင်ဓမ္မာရုံအတွင်း၌ ပြုလုပ် ကျင်းပခဲ့သည်။


     ရှေးဦးစွာ ပူဇော်ကန်တော့ပွဲသို့ တက်ရောက်လာကြသူများက ဘိုးဘွားများအား သြကာသ ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး ပူဇော်ကန်တော့ခံရန် လာရောက်ကြသည့် ရသေ့တောင်မြို့ပေါ်အသက် (၈၀)နှစ်နှင့်အထက် အဘိုးအဘွား (၁၆၅)ဦးတို့ကိုရောက်ရှိလာသောဧည့်ပရိတ်သတ်များမှကန်တော့ခဲ့ကြသည်။


ရသေ့တောင်မြို့နယ်စီမံအုပ်ချုပ်အဖွဲ့မှ အဖိုး၊အဘောင်(၁)ဦးလျှင်ငွေကျပ်(၁၀၀၀၀)ကျပ်စုစုပေါင်း (၁၆၅၀၀၀၀)ကျပ်၊သစ်လုပ်ငန်းရှင်များမှတစ်ဦးလျှင်(၄၀၀၀/)စီစုစုပေါင်း(၆၆၀၀၀၀/) ၊ရွှေလုပ်ငန်းရှင်များမှ တစ်ဦးလျှင်(၅၀၀၀/)ကျပ်စီ စုစုပေါင်း(၈၇၅၀၀၀/)၊ဌာနဆိုင်ရာများမှ(၆၀၀၀/)၊စုစုပေါင်း

(၉၉၀၀၀/)နှင့်မြို့နယ်လူမှုရေးအသင်းအဖွဲ့များ၊  မြို့ပေါ်(၄)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ၊ မြို့ဖိ မြို့ဖများနှင့် မြို့ပေါ်ရပ်ကွက်အသီးသီးတို့မှ စေတနာရှင် အလှူရှင်များတက်ရောက်ခဲ့ကြသည်။ 


ယင်းနောက်အခမ်းအနားကို ဗုဒ္ဓသာသနံ စီရံတိဌာတု(၃)ကြိမ်ရွတ်ဆိုကာ ရုတ်သိမ်းခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)