MNP ၊ ဧပြီ ၂၇
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (ပဉ္စမအကြိမ်)အပိုဆောင်း ကာကွယ် ဆေးထိုးနှံခြင်းကို ယနေ့၊ နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး (ပဉ္စမအကြိမ်)အပိုဆောင်းထိုးနှံခြင်းကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်တို့၏ ကြီးကြပ်မှုဖြင့် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေး လာရောက်ထိုးနှံသည့် နိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကိုယ်အပူရှိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်း တာခြင်းစသည့် ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ပေးပြီး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ် စည်းကမ်းများနှင့်အညီထိုးနှံပေးခဲ့သည်။
ပုဏ္ဏားကျွန်းမြို့နယ်တွင် ယမန်နေ့က နိုင်ငံ့ဝန်ထမ်း ၇၇ ဦးနှင့်ပြည်သူ ၉ ဦးတို့ကို ကိုဗစ်-၁၉ ကာကွယ်ဆေး (ပဉ္စမအကြိမ်)အပိုဆောင်းအဖြစ် ထိုးနှံပေးခဲ့ပြီး၊ ယနေ့အထိ၊ ပဉ္စမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးအား ထိုးနှံပြီးစီးသူ စုစုပေါင်း(၄၁၂၇၁)ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost


No comments:
Post a Comment