ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာအောင်စာရင်းများ ကျောင်းအသီးသီးတွင်ထုတ်ပြန် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာအောင်စာရင်းများ ကျောင်းအသီးသီးတွင်ထုတ်ပြန်


MNP ၊  ဧပြီ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများအောင်စာရင်းကို ယနေ့နံနက်(၆)နာရီမှစ၍ တစ်နိုင်ငံလုံး တစ်ပြိုင်နက် ထုတ်ပြန်ခဲ့ရာ၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ အခြေခံပညာကျောင်းအသီးသီးတွင်လည်း အောင်စာရင်းများထုတ်ပြန်ထားရှိကြောင်း သိရသည်။


ကျောက်ပန်းတောင်းမြို့နယ်တွင် အစိုးရကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊  ပုဂ္ဂလိကကျောင်းများအပါအဝင် အခြေခံညာကျောင်းပေါင်း (၂၈၂)ကျောင်း ဖွင့်လှစ်သင်ကြားခဲ့ပြီး၊ စာမေးပွဲများကျင်းပနိုင်ခဲ့ရာ အဆိုပါ (၂၈၂) ကျောင်းလုံးတွင် အောင်စာရင်းများ ကပ်ထားကြောင်းသိရသည်။ ထို့ပြင်  Grade-5  နှင့် Grade-9 များအတွက် စာစစ်ဌာန (၉၇)ခု ဖွင့်လှစ်ဖြေဆိုစေခဲ့ရာ၊ ယနေ့တွင် တစ်ပြိုင်နက်တည်း အောင်စာများ ကြေညာပေးခဲ့ကြောင်းသိရပြီး၊ ကျောက်ပန်းတောင်းမြို့ပေါ်တွင် အမှတ်(၁)အ.ထ.က၊ အမှတ်(၂) အ.ထ.က၊ လေးရွာ အ.ထ.က နှင့် မြို့ရှေ့ အ.ထ.က တို့တွင် ကြော်ညာသင်ပုန်းများ၌ အောင်စာရင်များကပ်ထား၍ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများ လာရောက်ကြည့်ရှု့ကြကြောင်း သိရသည်။


နေအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)