မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်နေမှုများအား ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မှ ပင့်ဖိတ်ထားသည့် ဆရာတော်ကြီးများ လာရောက် လေ့လာဖူးမြော်ကြည်ညို - Myanmar National Post

Myanmar National Post

News Agency

Breaking

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်နေမှုများအား ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မှ ပင့်ဖိတ်ထားသည့် ဆရာတော်ကြီးများ လာရောက် လေ့လာဖူးမြော်ကြည်ညို






MNP ၊ ဧပြီ  ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဗုဒ္ဓဥယျာဉ်တော် အတွင်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်နေမှုအခြေအနေ များအား ကြာနီကန်စာသင်တိုက် နိုင်ငံတော်ဩဝါဒစရိယ ဘဒ္ဒန္တသူရိယ ဦးဆောင် သော ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မှပင့်ဖိတ်ထားသည့် စာသင်တိုက်(၄၈)ခုမှ ဆရာတော်၊ သံဃာတော် စုစုပေါင်း(၆၀)ပါးတို့က ယနေ့ညနေပိုင်းတွင် လာရောက် လေ့လာ ဖူးမြော်ကြည်ညိုကြသည်။

ဦးစွာ ဆရာတော်၊ သံဃာတော်ကြီးများအား ရှင်းလင်းဆောင်၌ ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား တည်ထားကိုးကွယ်ရသည့် ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်နိုင်ရေး စကျင်ကျောက်တော်ကြီးအား အဆင့်ဆင့် တူးဖော်ခဲ့ရမှုနှင့် ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းတို့မှ အဆင့်ဆင့်   ပင့်ဆောင်ခဲ့ရမှု၊ ဆင်းတုတော်အပိုင်း(၁/၂/၃/၄)တို့အား ထုဆစ်ပုံဖော်ခဲ့မှုနှင့် ပလ္လင် တော်အထက်သို့ပင့်ဆောင်နိုင်ရန် သံမဏိမျှော်စင် ဝန်ချီစက်တည်ဆောက်ကာ ပင့်ထောင်ခြင်းနှင့် ပင့်ဆောင်နေရာ ချထားခြင်း လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက် ခဲ့မှု၊ ဗုဒ္ဓဥယျာဉ်တော်ကြီး စိမ်းလန်းစိုပြေသာယာလှပစေရေးအတွက် သစ်ပင်၊ ပန်းမန်များ စိုက်ပျိုးဆောင်ရွက်နေမှု၊ သာသနိကအဆောက်အဦများ ထည့်သွင်း တည်ဆောက်လျက်ရှိမှုနှင့် အဆင့်ဆင့်တိုးတက်လာမှု အခြေအနေများကို ရှင်းလင်း လျှောက်ထားသည်။

ထို့နောက် ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော်ကြီးများသည် မာရ ဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ပလ္လင်တော်တည်ဆောက်ပြီးစီးမှု၊ ဗုဒ္ဓဥယျာဉ် တော်ကြီးအတွင်းရှိ သာသနိကအဆောက်အဦများ တည်ဆောက်ပြီးစီးမှုနှင့် ဆက်လက်တည်ဆောက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ယင်းနောက် စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် တာဝန်ရှိသူများသည် ဆရာတော်၊ သံဃာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်၊ သံဃာတော် ကြီးများ ရွတ်ပွားချီးမြှင့်တော်မူ သည့် ပရိတ်တရားတော်များကို နာယူခဲ့ကြကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)