မာန်အောင်မြို့ မြို့မကျောင်းကြီး ကျောင်းထိုင်ဆရာတော်အဖြစ် ကုန်းတန်းကျောင်း ဆရာတော် ဘဒ္ဒန္တစန္ဒအား ရွေးချယ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မာန်အောင်မြို့ မြို့မကျောင်းကြီး ကျောင်းထိုင်ဆရာတော်အဖြစ် ကုန်းတန်းကျောင်း ဆရာတော် ဘဒ္ဒန္တစန္ဒအား ရွေးချယ်




MNP ၊  ဧပြီ ၂၇

ရခိုင်ပြည်နယ် မာန်အောင်မြို့ မြို့မကျောင်းကြီး ကျောင်းထိုင် ဆရာတော်အဖြစ် ရွေးချယ်ပွဲကို ယနေ့မွန်းလွဲ၁နာရီက အဆိုပါ မြို့မကျောင်းကြီး၌ ကျင်းပခဲ့သည်။


  ရှေ့ဦးစွာ အခမ်းအနားကို ဂိုဏ်းဆိုင်ရာသံဃာတော်များနှင့် မြို့မကျောင်းကြီး ပစ္စည်းလေးပါး ဒါယကာ၊ဒါယိကာမများက ``နမောတဿ´´သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ကြ၍ အခမ်းအနားမှူးအဖြစ် မောင်းမကံကျောင်း ဆရာတော်ဘဒ္ဒန္တဥက္ကံသက ဆောင်ရွက်တော်မူပြီး ယင်းဆရာတော်မှ မြို့မကျောင်းကြီးတွင် ဆရာတော်များ အဆက်ဆက် ကျောင်းထိုင်ခဲ့ပုံ သမိုင်းစဥ်များကို သြဝါဒကထာမြွက်ကြားသည်။


  ထို့နောက် မြို့မကျောင်းကြီး ပစ္စည်းလေးပါး အဖွဲ့ဥက္ကဋ္ဌဦးမြဒင်မှ ကျောင်းထိုင် သံဃာတော်ကိစ္စနှင့်ပတ်သက်လို့ ဆရာတော်ကြီးများအား လျှောက်ထားသည်။


   ယင်းနောက် သိမ်ကုန်းကျောင်းဆရာတော်ဘဒ္ဒန္တတေဇဝန္တ၊ခအုန်းမော် ရွာမကျောင်းကြီး ဆရာတော်ဘဒ္ဒန္တကေသရနှင့်ပန်းဖဲကျောင်းဆရာတော်ဘဒ္ဒန္တစန္ဒိမာ တို့က သြဝါဒ ဂါထာမြွတ် ကြားကြပြီး အခမ်းအနားမှူးဆရာတော်မှ မြို့မ၊ပေတပင်၊မောင်တော(သုဓမ္မာ)ဂိုဏ်းဆိုင်ရာ သြဝါဒါစရိယ ဆရာတော်ကြီးများ၏ ဆုံးဖြတ်ချက်အရ မြို့မကျောင်းကြီး ကျောင်းထိုင်ဆရာတော်အဖြစ် ကုန်းတန်းကျောင်း ဆရာတော် ဘဒ္ဒန္တစန္ဒ(မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ)အားရွေးချယ်ကြောင်းကြေညာခဲ့ပြီး အခမ်းအနားကို``ဗုဒ္ဓသာသနံစိရံတိဌတု´´သုံးကြိမ်ရွတ်ဆို အခမ်းအနားပြီးဆုံးခဲ့သည်။


     မာန်အောင်မြို့ မြို့မကျောင်းကြီးတွင် ဆရာတော်(၄)ပါးကျောင်းထိုင်ခဲ့ပြီး ယခုကျောင်းထိုင်ဆရာတော်သည်(၅)ပါးမြောက် ကျောင်းထိုင် ဆရာတော် ဖြစ်ကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)