တောင်ကုတ်မြို့၌ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ကုတ်မြို့၌ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ





MNP ၊  ဧပြီ ၂၇

ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင်၊တောင်ကုတ်မြို့တွင် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။


ရှေ့ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် က ၁၃၈၅ ခုနှစ်၊ကဆုန်လပြည့်နေ့ ကဆုန် ညောင်ရေသွန်းလောင်းပွဲကိုစည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ၊ မြို့သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေ ကောင်းမွန်ရေး ၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့်ကျေးရွာများဖွံ့ဖြိုး ရေး ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့ကိုဆွေးနွေးသည်။


ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ခရိုင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ ဌာန ဆိုင်ရာများက လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်ဆွေးနွေးတင်ပြကြရာ ခရိုင်စီမံ အုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် ကလိုအပ်သည်များကိုပေါင်းစပ်ပေးခဲ့ကြောင်းသိရသည်။


အဆိုပါအစည်းအဝေးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)