ကရသူရိမြို့၌ အသက်(၇၅)နှစ်အထက် အဘိုး/အဘွားများအား သက်ကြီးပူဇော်ပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရသူရိမြို့၌ အသက်(၇၅)နှစ်အထက် အဘိုး/အဘွားများအား သက်ကြီးပူဇော်ပွဲပြုလုပ်


MNP ၊  ဧပြီ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အမှတ်(၁)ရပ်ကွက်တွင် အသက်(၇၅)နှစ်အထက် အဘိုး/အဘွားများအား သက်ကြီးပူဇော်ကန်တော့ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


သက်ကြီးပူဇော်ကန်တော့ခြင်းကို ကရသူရိမြို့ ရပ်ကွက်သူ/သားများမှ စုပေါင်း၍ အသက်(၇၅)နှစ်အထက် အဘိုး/အဘွား (၂၀)ဦးအား တစ်ဦးလျှင် ငွေကျပ်(၂၈၀၀၀)ကျပ်နှင့် ဆေးဝါးပစ္စည်းများ၊ လှူဖွယ်ပစ္စည်းအသုံးအဆောင်များအား ပူဇော်ကန်တော့ခြင်း၊ အဘိုး/အဘွားများ၏ ဆုတောင်းမေတ္တာနှင့် သြဝါဒများကို နာကြားခံယူခဲ့ကြကြောင်း သိရသည်။


အဆိုပါပြုလုပ်ခြင်းသည်        မြန်မာတို့၏ဓလေ့ထုံးတမ်းအစဉ်အလာဖြစ်သည့် မဟာသင်္ကြန် နှစ်ဆန်းတစ်ရက်နေ့တွင် မြို့၊ ရွာ၊ ရပ်ကွက်များတွင်ရှိသည့် အသက်ကြီးဘိုး/ဘွားများအား နှစ်စဉ်နှစ်တိုင်း ပူဇော်ကန်တော့ခြင်းများဖြင့် ကောင်းမှု၊ကုသိုလ်များ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)