MNP ၊ ဧပြီ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် တောင်သူများအနေဖြင့် နွေနှမ်းများ စိုက်ပျိုးရာတွင် အပင်ဖြစ်ထွန်းမှု ကောင်းမွန်ပြီး အထွက်နှုန်းသေချာစေရန်အတွက် သိပ္ပံနည်းကျစနစ်ဖြင့် ပြောင်းလဲ စိုက်ပျိုးလာကြရာ အရှေ့သပြေကုန်းကျေးရွာတွင် နှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ သိပ္ပံနည်းကျစနစ်ဖြင့် နှမ်းသီးနှံများ စိုက်ပျိုးပါက ထယ်ရေးကောင်းမွန်စွာ မြေပြုပြင်ပြီး တန်းဆွဲစနစ်ဖြင့် စိုက်ပျိုးရကြောင်း တန်းဆွဲစနစ်ဖြင့် စိုက်ပျိုးခြင်းသည် အပင်သားခွဲရာတွင်လည်းကောင်း၊ ပေါင်းမြက်များရှင်းလင်းရာတွင်လည်းကောင်း၊ လွယ်ကူပြီး လိုအပ်သည့်အခါ ရေသွင်းရာ၌ ထိန်းညှိသွင်းနိုင်သောကြောင့် အပင်ဖြစ်ထွန်းမှု ကောင်းပြီး အထွက်နှုန်းသေချာမှုရှိကြောင်း နှမ်းစိုက်တောင်သူများထံမှ သိရှိရသည်။
ကျောက်ဆည် မြို့နယ်အနေဖြင့် နှမ်းသီးနှံများ စိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီပြီးအထွက်နှုန်း ကောင်းမွန်သည့် ဆင်းရတနာ(၄) နှမ်းအဖြူမျိုးများ အဓိကထားစိုက်ပျိုးကြပြီး နှမ်းသီးနှံများ အောင်မြင် ဖြစ်ထွန်းစေရေးနှင့် အထွက်နှုန်းကောင်းမွန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများမှ တောင်သူများနှင့်ပူးပေါင်းပြီး နည်းပညာများ စနစ်တကျကူညီပံ့ပိုးလျက်ပေးလျက် ရှိကြောင်း သိရသည်။
သက်မောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment