သင်္ကြန်ရုံးပိတ်ရက်အတွင်း ပုဂံ၊ ချောင်းသာ၊ ငွေဆောင်၊ ငပလီ သို့ ပြည်တွင်း/ပြည်ပ ခရီးသွား ၁၄၉၇၆၁ ဦး ဝင်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သင်္ကြန်ရုံးပိတ်ရက်အတွင်း ပုဂံ၊ ချောင်းသာ၊ ငွေဆောင်၊ ငပလီ သို့ ပြည်တွင်း/ပြည်ပ ခရီးသွား ၁၄၉၇၆၁ ဦး ဝင်ရောက်


MNP ၊ ဧပြီ ၁၉

၂၀၂၃ ခုနှစ် သင်္ကြန်ရုံးပိတ်ရက်အတွင်း ပုဂံ၊ ချောင်းသာ၊ ငွေဆောင်၊ ငပလီ သို့ ပြည်တွင်း/ပြည်ပ ခရီးသွားဝင်ရောက်မှု ၁၄၉၇၆၁ ဦး ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။


သင်္ကြန်ကာလအတွင်း ပုဂံဒေသသို့ ပြည်တွင်းခရီးသွား ၄၅၈၅၄ ဦးနှင့် ပြည်ပခရီးသွားဧည့်သည် ၄၃၉ ဦး ဝင်ရောက်ခဲ့ပြီး ချောင်းသာကမ်းခြေသို့ ပြည်တွင်းခရီးသွား ၄၀၂၄၃ ဦးနှင့် ပြည်ပခရီးသွားဧည့်သည် ၁၅၁ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ငွေဆောင်ကမ်းခြေသို့ ပြည်တွင်းခရီးသွား ၃၃၃၂၄ဦး နှင့် ပြည်ပခရီးသွားဧည့်သည် ၉၄၅ဦး ဝင်ရောက်ခဲ့ပြီး ငပလီကမ်းခြေသို့ ပြည်တွင်းခရီးသွားဧည့်သည် ၂၈၀၀၂ဦး နှင့် ပြည်ပခရီးသွားဧည့်သည် ၈၀၃ဦး အထိ ဝင်ရောက်ခဲ့ပြီး ပြည်တွင်း/ ပြည်ပခရီးသွားဧည့်သည် ၁၄၉၇၆၁ ဦးအထိ ဝင်ရောက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အနေဖြင့် ခရီးသွားလာရေးလုပ်ငန်းများကို နိုင်ငံတော်အတွက် နိုင်ငံခြားငွေရှာဖွေပေးသည့် အရေးကြီးသော စီးပွားရေးကဏ္ဍဖြစ်စေရေး၊ ခရီးသွားလာရေးလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားအားလုံး၏ ယဉ်ကျေးမှုအမွေအနှစ်များ၊ ဓလေ့ထုံးစံများ၊ ရေမြေတောတောင် သဘာဝပတ်ဝန်းကျင် များကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ ခရီးသွားလာရေးလုပ်ငန်းကဏ္ဍ တိုးတက်ကျယ်ပြန့်အောင် ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ၏ လူမှုစီးပွားရေးဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်တွင်း ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံတကာနှင့်ဒေသတွင်း ချုပ်ဆိုထားသော သဘောတူစာချုပ်များကို နိုင်ငံ၏ အကျိုးစီးပွားနှင့်ယှဉ်၍ တတ်စွမ်းသမျှ အကောင်အထည်ဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ခရီးသွားလာရေးကဏ္ဍအနေဖြင့် ပါဝင်ဖြည့်ဆည်း အကျိုးပြုစေရေး၊ ရေရှည်တည်တံ့ခိုင်မြဲပြီး အများပါဝင်မှုရှိသော တာဝန်သိခရီးသွားလုပ်ငန်း ဖော်ဆောင်ရေး မူဝါဒ(၆)ရပ်ကို အကောင်အထည်ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment