တကောင်းမြို့တွင် တတိယအကြိမ်မြောက် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး အဘိုး၊အဘွားများအား သက်ကြီးပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တကောင်းမြို့တွင် တတိယအကြိမ်မြောက် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး အဘိုး၊အဘွားများအား သက်ကြီးပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ်


MNP ၊  ဧပြီ ၁၉

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့တွင် တတိယ အကြိမ်မြောက် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးအဘိုး၊ အဘွားများအား သက်ကြီးပူဇော် ကန်တော့ပွဲ အခမ်းအနားကို ၁၃၈၅ခုနှစ်၊ နှစ်ဆန်း (၂) ရက်နေ့၊ နံနက် (၈)နာရီက အမှတ် (၂)ရပ်ကွက် ရှိ ချမ်းသာကြီးဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ သက်ကြီးပူဇော်ပွဲ အခမ်းအနား ကျင်းပရာ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနိုင်မှ နှစ်သစ်ကို ကောင်းမှုနှင့်ဖွင့်လို၍လည်ကောင်း၊ ယခုအစဉ်အလာကို မျိုးဆက်သစ်များအတွက် ကောင်းမွေ တစ်ခုအား လက်ဆင့်ကမ်းစေလို၍ လည်းကောင်း၊ သီလဂုဏ်၊ သမာဓိဂုဏ်နှင့် ပြည့်စုံ သည့် အဘိုး၊ အဘွားတို့၏ မေတ္တာဓာတ်ကို ခံယူလို၍လည်းကောင်း စသည့် ဂါရဝပြုစကား ပြောကြားခဲ့သည်။ ထို့နောက် တကောင်းမြို့ပေါ်ရပ်ကွက်များနှင့် ဖုန်းကုန်းကျေးရွာမှ အသက်(၈၅) နှစ်နှင့်အထက် သက်ကြီး အဘိုး၊ အဘွား (၅၆)ဦးအား (၁)ဦးလျှင် (၅၀၀၀၀)ကျပ်၊ မျက်နှာသုတ်ပုဝါ (၁)ထည်၊ မုန့်ဗူးများအား ပေးအပ်လှူဒါန်းခဲ့ကြပြီး အခမ်းအနားသို့ မတက်ရောက်နိုင်သည့် အဘိုး၊ အဘွား များအား အိမ်တိုင်ရာရောက် လိုက်လံကန်တော့သွားမည်ဖြစ်သည်။


ဆက်လက်၍ ကန်တော့ခံအဘိုး၊ အဘွားများနှင့်အတူ ချမ်းသာကြီး ပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှဝေခဲ့ပြီး သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းကပ်လှူခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနိုင်၊ နယ်မြေစခန်းမှူး ရဲအုပ်အောင်ကိုဝင်း၊ မြို့ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ကန်တော့ခံအဘိုးအဘွား များ၊ မြို့မိ၊ မြို့ဖများ၊ ‌‌ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)