တိုက်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုး သူများအသင်း Book Club ဖြင့် စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုက်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုး သူများအသင်း Book Club ဖြင့် စာဖတ်ဝိုင်းကျင်းပ


MNP ၊  ဧပြီ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာပေ ချစ်မြတ်နိုးသူများအသင်း Book Club နှင့် Youth Club တို့ ပူးပေါင်း၍  စာရေးသူ  ပီမိုးနင်း ရေးသားထားသော “တကယ့်လူချွန်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက   ကျင်းပသည်။


စာဖတ်ဝိုင်းတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင် မသက်မှူးရွှေစင်လင်းက ဉီးဆောင်၍ “တကယ့်လူချွန်” စာအုပ်မှ လူငယ်များ စိတ်ဓာတ်ခိုင်မာအောင်  လေ့ကျင့်နည်းများကို ဖတ်ကြားဆွေးနွေးသည်။ ဆက်လက်၍   စာဖတ်ဝိုင်းသို့ တက်ရောက် လာကြသော Book Club အသင်းဝင်များ၊ Youth Club အသင်းဝင်များက တကယ့်လူချွန် တစ်ဉီးဖြစ်အောင် လေ့ကျင့်ရမည့် နည်းလမ်းကောင်းများကို အသီးသီးဖတ်ကြား၍ အပြန် အလှန် ဆွေးနွေးခဲ့ကြသည်။


တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ မျိုးဆက်သစ်လူငယ်များ စာပေဖတ်ရှုသည့် အလေ့အထများ ဖြစ်ထွန်းစေရန်၊ ပြန်လည် မျှဝေပေးသည့် အလေ့ အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရေးအတွက်  စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် Youth Club အသင်းများဖွဲ့စည်းကာ စာဖတ်ဝိုင်းများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


စန်းကလျာခိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment