MNP ၊ ဧပြီ ၄
နွေရာသီ ကျောင်းပိတ်ရက်ရှည် ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ခြင်းလုံးခတ်ပညာရပ်အား စိတ်ပါဝင်စားပြီး အခြေခံမှစ၍ လေ့လာသင်ယူကာ ကျွမ်းကျင် တတ်မြောက်စေရန် ရည်ရွယ်ချက်ဖြင့် နွေရာသီ အခြေခံခြင်းလုံးခတ်ပညာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community-Centre) ခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးကအခြေခံခြင်းလုံးခတ်ပညာသင်တန်း ဖွင့်လှစ် သင်ကြားရခြင်း၏ ရည်ရွယ်ချက်များကို ရှင်း လင်း ပြောကြားပြီး သင်တန်းနည်းပြဆရာ ဦးဇော်မိုးလွင်က အခြေခံအဆင့်မှသည် နိုင်ငံ့လက်ရွေးစင်ဖြစ်သည်အထိ ကြိုးပမ်းဆောင်ရွက်စေရေး ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် အခြေခံမြန်မာ့ခြင်းလုံးပညာများဖြစ်သည့် ရှေ့ခြေဖျား၊ ရှေ့ခြေခွင်၊ ရှေ့ဒူး၊ ဘေးဖဝါး၊ ဘေးဖနောင့်၊ ဘေးဖမျက် အခြေခံအထိခြောက်ချက်တို့ကို ဧပြီလ(၄)ရက်နေ့မှ (၁၀ )ရက်နေ့အထိ (၇)ရက်ကြာ အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၁၂)ဦးတို့ တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment