မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ သုံးဦးသုံးဖလှယ် ညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ သုံးဦးသုံးဖလှယ် ညှိနှိုင်းအစည်းအဝေးကျင်းပ







MNP ၊ ဧပြီ ၇

မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ သုံးဦးသုံးဖလှယ်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယုဒ်ချန်အိုချာ၊ လာအိုနိုင်ငံဝန်ကြီးချုပ် ဆုံဆိုင်းဆီဖန်ဒုံနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဦးစွာ ထိုင်းနိုင်ငံဝန်ကြီးချုပ်က ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခြင်းဖြင့် မိမိတို့အချင်းချင်းယုံကြည်မှု၊ နားလည်မှုများဖြင့် ဖြေရှင်း ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆောင်ရွက်သွားနိုင်မည်ဟုယုံကြည်ပါကြောင်း၊ ယခု ကိစ္စသည် သုံးနိုင်ငံရှိပြည်သူများ၏ လူမှုရေးနှင့် စီးပွားရေးကဏ္ဍများကို ထိခိုက်စေ လျက်ရှိကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် လက်တွဲဖြေရှင်းရမည်ဖြစ်ပြီး အကောင်း ဆုံး ဖြေရှင်းနိုင်ရန်အတွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သတင်းအချက် အလက်များကို မျှဝေဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ဖြေရှင်းဆောင်ရွက်ခြင်း သည် မိမိတို့ပြည်သူများအတွက် ဆောင်ရွက်သည့်အစည်းအဝေးတစ်ခုပင်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ထိုင်းနိုင်ငံ၊ သယံဇာတဝန်ကြီးဌာန၊ လေထုညစ်ညမ်းမှုထိန်းသိမ်း ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့အနေဖြင့် မီးခိုးမြူငွေ့များကြောင့် လေထုညစ်ညမ်းမှု ပြဿနာကိုရင်ဆိုင်နေရမှုအခြေအနေများ၊ သုံးနိုင်ငံပူးပေါင်း ဆောင်ရွက်မှုဖြင့် ဖြေရှင်းဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)