ဘွန်ဒစ်လီဂါပွဲစဉ်ပွဲစဉ် ၃၀ စနေနေ့ညပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘွန်ဒစ်လီဂါပွဲစဉ်ပွဲစဉ် ၃၀ စနေနေ့ညပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်



MNP - ဧပြီ ၂၃


ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ်ပွဲစဉ် ၃၀အဖြစ် စနေ့နေ့(ယနေ့) မြန်မာစံတော်ချိန် ည ၈:၀၀ အချိန်မှာ စတင်ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ဒီနေ့ညမှာတော့ ဘွန်ဒစ်လီဂါပွဲစဉ် ၆ပွဲ ယှဉ်ပြိုင်ကစားဖို့ ရှိနေတာ ဖြစ်ပါတယ်။


လိုက်ပ်ဇစ် - ဟော်ဖန်ဟင်မ် (ယနေ့ည ၈:၀၀)

လိုက်ပ်ဇစ်အသင်းနှင့် ဟော်ဖန်ဟင်မ်အသင်းတို့ဟာ လိုက်ပ်ဇစ်အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါယတ်။လိုက်ပ်ဇစ်အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အရေးကြီးနေတဲ့ချိန်မျိုးမှာ ရမှတ်တွေဆုံးရှုံးနေပါတယ်။ ကြားရက်မှာလည်း ဖရိုင်းဘတ်အသင်းနဲ့ ဂျာမန်ပိုကယ်လ်ဖလားပွဲလည်းရှိနေတာကြောင့် လိုက်ပ်ဇစ်နိုင်ရင်တောင် ဂိုးပြတ်မဖို့ အလွယ်ပါဘူး။


အူန်ယွန်းဘာလင် - လေဗာကူဆင် (ယနေ့ည ၈:၀၀)

အူန်ယွန်းဘာလင်အသင်းနှင့် လေဗာကူဆင်အသင်းတို့ဟာ အူန်ယွန်းဘာလင်အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဒီနေ့ပွဲကို အနိုင်ကစားနိုင်တာနဲ့ လီဗာကူဆင်အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်ဟာ အတော်လေးပိုကောင်းသွားပါလိမ့်မယ်။အူန်ယွန်းဘာလင်အသင်းအနေနဲ့ကတော့ သရေလောက်ထိန်းနိုင်ရင်ကို မဆိုးပါဘူး။ အိမ်ရှင်အူန်ယွန်းဘာလင်တို့ အမှတ်ရဖို့ များပါတယ်။ 


ကိုလုံး - ဖရိုင်းဘတ် (ယနေ့ည ၈:၀၀)

ကိုလုံးအသင်းနှင့် ဖရိုင်းဘတ်အသင်းတို့ဟာ ကိုလုံးအိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ကိုလုံးအသင်းဟာ အဝေးကွင်းမှာ နိုင်ပွဲတွေ ဆက်တိုကေ်ရခဲ့ပါတယ်။ဒါပေမယ့် အိမ်ကွင်းမှာတော့ (၄)ပွဲဆက် နိုင်ပွဲပျောက်ထားပါတယ်။ဧည့်သည် ဖရိုင်းဘတ်အနေနဲ့ အနည်းဆုံး သရေရလိမ့်မယ်။


ဖရန့်ဖတ် - အော့စ်ဘတ် (ယနေ့ည ၈:၀၀)

ဖရန့်ဖတ်အသင်းနှင့် အော့စ်ဘတ်အသင်းတို့ဟာ ဖရန့်ဖတ်အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဖရန့်ဖတ်အသင်းဟာ အမှတ်ပေးဖလားပွဲစဉ် (၈)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပြီး ဂျာမန်ပိုကယ်လ်ဖလားပွဲလည်း ကစားရဦးပါမယ်။ အိမ်ရှင်ဖရန့်ဖတ်အနေနဲ့ အနိုင်ရခဲ့ရင်တောင့် ဂိုးပြတ်ဖို့မလွယ်ပါဘူး။


စတုဂတ် - မိုချန်ဂလာဘတ် (ယနေ့ည ၈:၀၀)

စတုဂတ်အသင်းက ရလဒ်ပိုင်း အနည်းငယ်ပြန်တည်ငြိမ်လာသလိုပဲ။ ဒါပေမဲ့ ဂျာမန်ဖလားကြောင့် အာရုံများနေနိုင်တဲ့ စတုဂတ်ထက် မိုချန်ကို ပိုကြိုက်တယ်။


ရှော်လ်ကေး - ဝါဒါဘရီမင် (ယနေ့ည ၁၁:၀၀)

ရှော်လ်ကေးအသင်းနှင့် ဝါဒါဘရီမင်အသင်းတို့ဟာ ရှော်ကေးအိမ်ကွင်း မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဝါဒါဘရီမင်အသင်းအနေနဲ့ အခုပုံအတိုင်းဆို အမှတ်သိပ်မလိုအပ်တော့တာကြောင့် အိမ်ကွင်းမှာ ရှော်လ်ကေး အနိမ့်ဆုံးသရေ ကစားနိုင်ပါလိမ့်မယ်။


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)