စီးရီးအေပွဲစဉ် ၃၂ စနေနေ့ညပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စီးရီးအေပွဲစဉ် ၃၂ စနေနေ့ညပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်



MNP - ဧပြီ ၂၃


အီတလီစီးရီးအေပွဲစဉ် ၃၂အဖြစ် စနေ့နေ့(ယနေ့) မြန်မာစံတော်ချိန် ည ၇:၃၀ အချိန်မှာ စတင်ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ဒီနေ့ညမှာတော့ စီးရီးအေပွဲစဉ် ၃ပွဲ ယှဉ်ပြိုင်ကစားဖို့ ရှိနေတာ ဖြစ်ပါတယ်။


နာပိုလီ - ဆလာနီတာနာ (ယနေ့ည ၇:၃၀)

နာပိုလီအသင်းနှင့် ဆလာနီတာနာအသင်းတို့ဟာ နာပိုလီအိမ်ကွင်း မာရာဒိုနာမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။နာပိုလီအသင်းဟာ ဘာပြိုင်ပွဲမှ ကစားဖို့မရှိတော့တာကြောင့် စီးရီးအေကို ပိုမိုအားစိုက်မှာပါ။နာက်ဆုံးကစားခဲ့တဲ့ ဂျူဗင်တပ်စ်နဲ့ပွဲမှာဆိုရင်လည်း နာပိုလီရဲ့ စိတ်ဓာတ်နဲ့ ခြေစွမ်းက အကောင်းဆုံးပုံစံမှာ ရှိနေဆဲပါ။ ဆလာနီတာနာက ဆာဆူအိုလို ကို ဂိုးပြတ်နိုင်ခဲ့ပေမဲ့ ခြေစွမ်းက သာမန်အဆင့်ပါပဲ။ ဒါ့အပြင် နေပယ်မှာ ကစားရမှာဖြစ်တာကြောင့် ဆလာနီတာနာအတွက် ခက်ခဲပါလိမ့်မှာ ဖြစ်ပြီး အိမ်ရှင်နာပိုလီတို့ ဂိုးပြတ်နိုင်လိမ့်မယ်။


ရိုးမား - အေစီမီလန် (ယနေ့ည ၁၀:၃၀)

ရိုးမားအသင်းနှင့် အေစီမီလန်အသင်းတို့ဟာ ရိုးမားအိမ်ကွင်း စတာဒီယို အိုလံပီကိုမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ရိုးမားအသင်းဟာ အေစီမီလန်နဲ့တွေ့ဆုံတဲ့ နောက်ပိုင်းပွဲတွေမှာ ရုန်းကန်လာရမယ်။ စပယ်ရှယ်စမ်းလက်ထက်မှာတောင် အေစီမီလန်ကို ရိုးမား အနိုင်ယူနိုင်ခြင်းမရှိသေးဘူး။ လက်ရှိခြေစွမ်းပိုင်းကွာဟမှုသိပ်မရှိပေမဲ့ ရိုးမားမှာ ဒီဘားလားလိုကစားသမား ကြံ့ခိုင်မှုမပြည့်ဝတာ စိတ်ပျက်စရာပဲ။ အေစီမီလန်ကတော့ လီယာအိုရဲ့ ခြေစွမ်းပြမှုနဲ့ နောက်ဆုံးပွဲမှာ လက်ချီကို နိုင်ခဲ့တယ်။ ဂျရူး ဂိုးပေါက်တွေ့နေပြီး ခံစစ်ကစားပုံကလည်း တဖြည်းဖြည်းပိုကောင်းလာတယ်။ ရောမမှာ ကစားရမှာဖြစ်ပေမဲ့ ဧည့်သည် အေစီမီလန်ကို ပိုကြိုက်ပါတယ်။ရိုးမားအနေနဲ့ အများဆုံး သရေပါပဲ။


တိုရီနို - အတ္တလန်တာ (ယနေ့နံနက် ၁:၁၅ နာရီ)

တိုရီနိအသင်းနှင့် အတ္တလန်တာအသင်းတို့ဟာ တိုရီနိုအိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။နှစ်သင်းစလုံးဟာ နောက်ဆုံးပွဲတွေမှာ နိုင်ပွဲကိုယ်စီရခဲ့ကြပါတယ်။ အတ္တလန်တာကတော့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်အတွက် ဒီလိုပွဲမျိုးကို မဖြစ်မနေအနိုင်ကစားဖို့ လိုအပ်နေတယ်။ ဒါပေမဲ့ တိုရီနိုကွင်းဖြစ်နေလို့ သိပ်ပြီးလွယ်ကူမှာတော့ မဟုတ်ဘူး။ဧည့်သည်အတ္တလန်တာတို့ ကပ်နိုင်ဖို့ များပါတယ်။


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)