လာလီဂါပွဲစဉ် ၃၂ စနေနေ့ညပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လာလီဂါပွဲစဉ် ၃၂ စနေနေ့ညပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်

 


MNP - ဧပြီ ၂၉


စပိန်လာလီဂါပွဲစဉ် ၃၂အဖြစ် စနေ့နေ့(ယနေ့) မြန်မာစံတော်ချိန် ည ၆:၃၀ အချိန်မှာ စတင်ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ဒီနေ့ညမှာတော့ လာလီဂါပွဲစဉ် ၃ပွဲ ယှဉ်ပြိုင်ကစားဖို့ ရှိနေတာ ဖြစ်ပါတယ်။


အယ်လ်ချီ - ဗယ်လက်ကာနို (ယနေ့ည ၈:၄၅)

အယ်လ်ချီအသင်းနှင့် ဗယ်လက်ကာနိုအသင်းတို့ဟာ အယ်လ်ချီအိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။အယ်လ်ချီရဲ့ အိမ်ကွင်းနောက်ဆုံးရုန်းအားက ထိရောက်ပါ့မလား စောင့်ကြည့်ရမယ်။ တန်းဆင်းရဖို့သေချာသလောက်ဖြစ်နေချိန်မှာ အခုပွဲရောက်မှ ထတောက်ဖို့လည်း သိပ်မဖြစ်နိုင်တော့ပါဘူး။ ခြေစွမ်းပိုငြိမ်တဲ့ ဗယ်လက်ကာနိုနဲ့ ဂိုးအများကိုပဲရွေးထားရမယ့်ပွဲမျိုး ဖြစ်နေတယ်။


ရီးယဲလ်မက်ဒရစ် - အယ်မယ်ရီးယား (ယနေ့ည ၁၁:၀၀)


ရီးရဲလ်မက်ဒရစ်အသင်းနှင့် အယ်မယ်ရီယားအသင်းတို့ဟာ ရီးရဲလ်မက်ဒရစ်အိမ်ကွင်း ဆန်ဒီယာဂို ဘာနေမြူးမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ကြားရက်ပွဲမှာ ဟီရိုနာကိုဂိုးပြတ်အရှုံးပေးခဲ့ရတဲ့ ရီးယဲလ်မက်ဒရစ်တို့ အဆင့် (၂)နေရာအတွက်ပါ ဖိအားများလာတယ်။ ချန်ပီယံလိဂ်ပွဲတွေကလည်း ပြန်ဝင်လာတော့မှာဖြစ်လို့ ရီးယဲလ်အတွက်ဖိအားပိုကြီးနေနိုင်ပြီး အခုအိမ်ကွင်းပွဲမှာ မဖြစ်မနေအနိုင်ယူထားဖို့လိုအပ်နေပါတယ်။ ရီးယဲလ်အတွက် စိတ်သက်သာရာဖြစ်စေမှာက အခုကစားရမယ့် အယ်မယ်ရီယာဟာ အဝေးကွင်းကစားပုံအားနည်းလွန်းတဲ့အပြင် အစဉ်အလာပိုင်းမှာလည်း ရီးယဲလ်မက်ဒရစ်ကို မယှဉ်နိုင်တဲ့အသင်းဖြစ်နေလို့ အခုဘာနေဗျူးမှာကစားရမယ့် ဒီပွဲမှာ ရီးယဲလ်တို့နိုင်ပွဲနဲ့အတူ ပြန်လာနိုင်ဖို့အခွင့်အရေးကောင်းနေပါတယ်။ ဒီပွဲရဲ့အဓိက အဖြေဖြစ်လာမှာက အန်ဆယ်လော့တီချန်ပီယံလိဂ်ကို ဘယ်လောက်အထိအားစိုက်မလဲဆိုတာပါပဲ။ လက်ရှိအခြေအနေအရတော့ ရီးယဲလ်မက်ဒရစ်နဲ့ ဂိုးအများပဲ ရွေးထားချင်တယ်။


ဘာစီလိုနာ - ဘက်တစ် (ယနေ့ညနံနက် ၁:၃၀)

ဘာစီလိုနာအသင်းနှင့် ရီးရဲလ်ဘက်တစ်အသင်းတို့ဟာ ဘာစီလိုနာအိမ်ကွင်း နူးကမ့်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဘာစီလိုနာရဲ့ ကွင်းလယ်ဟာ  ဖရန်ကီဒီဂျောင်နှင့် ပတ်ဒရီတို့ပြန်ကစားလာနိုင်တာနဲ့ သိသိသာသာတိုး တက်လာတယ်။ အသင်းရဲ့ ကစားပုံဟန်ချက်ငြိမ်သွားပြီး တိုက်စစ်လမ်းကြောင်းရှာဖွေဖန်တီးနိုင်မှုလည်း ပြန်အားကောင်းလာ တယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း အဓိကတိုက်စစ်မှူး လီဝန်ဒေါစကီး ဂိုးပေါက်ပျောက်မှုအချိန်ကြာလာတာနဲ့အမျှ ဘာစီလိုနာဂိုး ရနည်းလာတာကလည်း တိုက်စစ်ပိုင်းအတွက်စိုးရိမ်စရာအခြေအနေဖြစ်နေပါတယ်။ အခုရင်ဆိုင်ရမယ့် ဘက်တစ်ကလည်း ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ မျှော်လင့်နိုင်နေသေးလို့ ဘာစီလိုနာဆီက အမှတ်ရအောင်ယူဖို့ပြင်ဆင်လာမှာ သေချာပါတယ်။ ဒါပေမဲ့ ဘက်တစ်ရဲ့ အဝေးကွင်းကစားပုံအားလျော့တတ်မှုနဲ့ ခံစစ်ပိုင်းက ဂိုးပေးနှုန်းတက်လာနေတာတွေက စိုးရိမ်စရာပါ။ နူးကမ့်မှာတော့ ဘာစီလိုနာနဲ့ ဂိုးအများကိုပဲ အရဲစွန့်ရွေးချင်တယ်။


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)